သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-11-09
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) နဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ (TNLA) ပူးပေါင်းတပ်တွေအကြား တိုက်ပွဲကြောင့် ကျောက်မဲမြို့ ရှမ်းစာပေနဲ့ယဉ်ကျေးမှု သင်တန်းကျောင်းကို ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေ နေထိုင်ရေး အခက်အခဲ ဖြစ်နေပါတယ်။
2021-11-04
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရန်ကုန်- ပုသိမ် လမ်းမကြီး ဘေးတစ်လျှောက်က ကျူးကျော်နေအိမ်တွေကို အောက်တိုဘာလ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ စစ်ကောင်စီက အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အခုရက်ပိုင်းမှာလည်း ကျန်နေသေးတဲ့ အဆောက်အအုံတွေကို ယန္တရားယာဉ်တွေနဲ့ ဖျက်ဆီးပစ်ခဲ့ကြတယ်လို့ ကျူးကျော်နေထိုင်သူတွေက ပြောပါတယ်။
2021-10-29
အသက် ၁၉ နှစ်သာရှိသေးတဲ့ မမိုးမိုးနွယ်ဟာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်(AA) တို့ စစ်ရေး ပဋိပက္ခကာလအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ဘယ်ဘက်ခြေတစ်ဖက် ဆုံးရှုံးခဲ့ရသူပါ။
2021-10-26
ကိုဗစ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ ချက်ပြုတ်စရာ ကုန်စိမ်းနဲ့ ကုန်ခြောက်တွေကို လက်တွန်းလှည်းနဲ့ တစ်လမ်းဝင် တစ်လမ်းထွက် ရောင်းချသူတွေ များပြားလာတာ တွေ့ရပါတယ်။
2021-10-18
အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးအကျဉ်းချထားသူ ၁၃၁၆ ဦးကို ပြန်လွှတ်ပေးပြီး၊ အမှုရင်ဆိုင်နေရသူ ၄၃၂၀ ဦးကို အမှုတွေပိတ်သိမ်းပေးမယ်လို့ စစ်ကောင်စီက အောက်တိုဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
2021-10-06
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်မှာရှိတဲ့ အင်းလေးကန်ထဲက ဟဲယာရွာ မှာနေထိုင်တဲ့ အသက် ၄၃ နှစ်အရွယ် ကိုထွေးဟာ မွေးရာပါ ခြေထောက်တစ်ဖက်သာ ပါသူ တစ်ဦးပါ။ အင်းလေးဒေသကို အလည်လာတဲ့ ပြည်တွင်း၊ ပြည်ပခရီးသွားတွေကို မှီခိုပြီး ယွန်းထည်ပစ္စည်းပေါ်မှာ ပန်းချီဆွဲတဲ့အလုပ်နဲ့ ရပ်တည်နေသူ ဖြစ်ပါတယ်။