■ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်မှာရှိတဲ့ အင်းလေးကန်ထဲက ဟဲယာရွာမှာနေထိုင်တဲ့ အသက် ၄၃ နှစ်အရွယ် ကိုထွေးဟာ မွေးရာပါ ခြေထောက်တစ်ဖက်သာ ပါသူ တစ်ဦးပါ။ သူဟာ မွေးချင်း ကိုးယောက်ထဲမှာ လေးယောက်မြောက်ဖြစ်ပြီး အင်းလေးဒေသကို အလည်လာတဲ့ ပြည်တွင်း၊ ပြည်ပခရီးသွားတွေကို မှီခိုပြီး ယွန်းထည်ပစ္စည်းပေါ်မှာ ပန်းချီဆွဲတဲ့အလုပ်နဲ့ ရပ်တည်နေသူ ဖြစ်ပါတယ်။ အခုတော့ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ကိုဗစ်ကပ်ဘေးနဲ့ စစ်အာဏာသိမ်းမှုဂယက်ကြောင့် အင်းလေးဒေသကို လာရောက် လည်ပတ်သူ မရှိတော့ပါဘူး။
ကိုထွေးဟာ ယွန်းထည်ပစ္စည်းပေါ်မှာ ပန်းချီရေးနိုင်ဖို့ ရွာထဲက သူ့ရဲ့ဆရာဆီမှာ အချိန်တစ်နှစ်လောက် ခက်ခက်ခဲခဲ ကြိုးစားသင်ယူခဲ့ရပါတယ်။
ကိုထွေးရဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ ခြေထောက်တစ်ဖက်နဲ့ ပန်းချီဆွဲတဲ့ စုတ်တံပါတဲ့ပုံကို ရေးဆွဲနေတာပါ။
ကိုထွေးရဲ့မိခင်က သူ့အတွက် လိုအပ်တာတွေကို ပြင်ဆင်ပေးရပါတယ်။
ကိုထွေးရဲ့မိခင်ဟာ ကိုထွေးကို အမြဲတမ်း ကြည့်ရှုစောင့်ရှောက်ပေးပါတယ်။
ကိုထွေးဟာ မိခင်နဲ့အတူတူ ထမင်းစားလေ့ရှိပါတယ်။
အပြင်သွားဖို့ ခြေတုမတပ်ခင် ခြေအိတ်ကို ကိုယ်တိုင်စွပ်ပြီး ပြင်ရပါတယ်။
အပြင်ကိုသွားဖို့ ပြင်ဆင်နေတဲ့ ကိုထွေး။
ကိုထွေးအပြင်ကိုသွားတိုင်း သူ့ရဲ့မိခင်က စက်လှေနားအထိ လိုက်ပို့တတ်ပါတယ်။
အရင်က အရောင်းခုံတန်း ဈေးဆိုင်လေးတွေနဲ့ လက်ဆောင်ပစ္စည်း ရောင်းသူဝယ်သူတွေနဲ့ ပြည့်နေလေ့ရှိတဲ့ ဘုရားစောင်းတန်း ဈေးတန်းလေးက အခုတော့ လူသူကင်းမဲ့ပြီး တိတ်ဆိတ်နေပါတယ်။
ကိုထွေးဟာ အင်းတိန်ကုန်း (ရွှေအင်းတိန်) ဘုရားစောင်းတန်းက သူ့ရဲ့ဆိုင်လေးရှိခဲ့တဲ့နေရာကို ရောက်တိုင်း တစ်ချိန်က အလုပ်အကိုင်ဖြောင့်ခဲ့တာကို သတိရနေတတ်ပါတယ်။
အရင်အချိန်တွေလိုပဲ မိသားစုအတွက် သူတတ်တဲ့ပညာလေးနဲ့ ဈေးရောင်းချင်ပါတယ်။ တစ်ချိန်က ဧည့်သည်တွေလာတာကို ဒီနေရာလေးကနေ ကိုထွေး နေ့စဉ်မြင်ခဲ့ရပါတယ်။
ကျနော့်နာမည် ကိုထွေးပါ။ အသက် (၄၃) နှစ် မောင်နှမ ကိုးယောက်ထဲမှာ လေးယောက်မြောက်ပါ။
ကိုထွေးအတွက် ရှေ့ဆက်ရပ်တည်ရေးက စိန်ခေါ်မှုတွေရှိနေဆဲဖြစ်ပါတယ်။