သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-09-29
မြန်မာနိုင်ငံဟာ အာဆီယံ ၁၀ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု အဆင့် လေးနေရာကို ရောက်ရှိလာပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေး အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ ကိုင်တွယ်ဖြေရှင်းမှုတွေပေါ် စီမံခန့်ခွဲမှု အားနည်းတယ်လို့ ဝေဖန်သူတွေ ရှိသလို အတိုင်ပင်ခံရဲ့ ဦးဆောင်မှုအပေါ် ယုံကြည်သူတွေလည်း ရှိနေပါတယ်။
2020-09-29
နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူနဲ့ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြပါမယ်။
2020-09-28
COVID-19 ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုနဲ့ သေဆုံးမှုတွေက မြန်မာနိုင်ငံမှာ စက်တင်ဘာလအတွင်း သိသိသာသာမြင့်တက်လာခဲ့ပါတယ်။ အခုလိုဖြစ်လာရတာ ဘာကြောင့်လဲဆိုတာကို အာဏာပိုင်တွေဘက်က တိတိကျကျထုတ်ပြန်တာမရှိပါဘူး။ ရောဂါကူးစက်မှုနှုန်းက အခုထက်ပိုများလာပြီး သေဆုံးမှုနှုန်းလည်း ပိုများလာမယ်ဆိုရင် အစိုးရအနေနဲ့ ထိန်းချုပ်နိုင်ဖို့ အခက်အခဲတွေရှိနေပါတယ်။
2020-09-28
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေ တိုးလာနေတဲ့ ရန်ကုန်မှာ သံသယလူနာတွေအတွက် သီးခြားထားရှိရေးစခန်း တွေ ဖွင့်လှစ်ဖို့ မြို့နယ်တချို့မှာ ပြင်ဆင်နေပါပြီ။ တချို့မြို့နယ်တွေမှာ နေရာအခက်အခဲကြောင့် သံသယလူနာတွေကို အိမ်မှာ သီးခြားနေထိုင်ဖို့ ပြန်လွှတ်နေရတာတွေ ရှိနေတာပါ။
2020-09-28
လာမယ့် အထွေထွေရွေးကောက်ပွဲနေ့ မဲရုံတွေမှာ တာဝန်ထမ်းဆောင်ရမယ့် ပညာရေးဝန်ထမ်းတွေ မိမိတို့တာဝန်ကျတဲ့နေရာတွေကို အောက်တိုဘာ ၁ ရက်နေ့မှာ စုစည်းရောက်ရှိဖို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့က မြို့နယ် ပညာရေးမှူးတွေက စာထုတ် ညွှန်ကြားလိုက်ပါတယ်။
2020-09-27
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာအမြောက်အမြားကို သတ်ဖြတ်တဲ့အထဲ ကိုယ်တိုင်ပါဝင်ခဲ့တယ်လို့ ဝန်ခံထားတဲ့ တပ်မတော်သား နှစ်ယောက်ဟာ နိုင်ငံတကာတရားရုံး အိုင်စီစီကို ရောက်၊ မရောက် အငြင်းပွားမှုတွေရှိနေပါတယ်။ တပ်မတော်ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီကိစ္စဟာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ကို စိန်ခေါ်တာဖြစ်ပြီး နိုင်ငံရဲ့အချုပ်အခြာအာဏာကို စော်ကားတာဖြစ်တယ်လို့ဆိုပါတယ်။
2020-09-24
တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ရဲ့ တိုက်ပွဲတွေကြောင့် မြို့ပေါ်တွေမသွားနိုင်ဘဲ ပိတ်မိနေကြတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲက ကျေးရွာ ၂၀၀ ကျော်လောက် စားနပ်ရိက္ခာဆန်နဲ့ အခြားသော ဆေးဝါးတွေ အရေးပေါ် လိုအပ်နေပါတယ်။
2020-09-24
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်နိုင်ရေး ဆောင်ရွက်ရာမှာ ပိုးတွေ့ရှိသူတွေ၊ ဆေးစစ်ချက် ရယူထားသူတွေ ယာယီနေထိုင်ရာ Quarantine Center လို့ ခေါ်တဲ့ ကျန်းမာရေး စောင့်ကြည့်တဲ့နေရာတွေမှာ စေတနာ့ဝန်ထမ်း ရှားပါးတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။
2020-09-23
ကပ်ဘေးကာလ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ လူ ၅၀ ဦး ထက် ပိုမိုမစုဝေးရဆိုတဲ့ ညွှန်ကြားချက်ထွက်ရှိ ထားပေမယ့် တချို့မြို့နယ်တွေမှာ သတ်မှတ်အရေးအတွက်ထက် ပိုပြီး စုဝေးသွားလာ အင်အားပြနေတာမျိုးတွေ ရှိနေပါတယ်။
2020-09-22
သဘာဝဓာတ်ငွေ့နဲ့ လျှပ်စစ်စွမ်းအင်ကို ပြည်ပကို ရောင်းမယ့်အစား ပြည်တွင်းမှာ လုံလောက်တဲ့ အခြေအနေဖြစ်မှ ပြည်ပကိုထုတ်ရောင်းဖို့ တိုင်းရင်းသား လူမျိုးများ ရေးရာစင်တာ ENAC ကနေ သုတေသနစစ်တမ်းကောက်ယူပြီး အကြံပြုထားပါတယ်။
2020-09-22
နိုင်ငံပိုင်မီဒီယာကနေ ထုတ်လွှင့်မယ့် မဲဆွယ်မိန့်ခွန်းတွေကို စိစစ်တဲ့ ရွေးကောက်ပွဲ ကော်မရှင်က မိန့်ခွန်းတွေကို ဆင်ဆာဖြတ်တောက်ခဲ့တယ်လို့ လူဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ ထားဝယ်တိုင်းရင်းသားများပါတီတို့က ပြောပါတယ်။
2020-09-21
ရန်ကုန်တိုင်းမှာ ကိုကိုကျွန်းမြို့နယ်ကလွဲပြီး အိမ်အတွင်းမှာပဲနေထိုင်ကြဖို့ အမိန့်ကို မနေ့ကစပြီး လိုက်နာကြဖို့ အမိန့်ထုတ်ပြန်ခဲ့ရာမှာ တချို့က မလိုက်နာဘဲ အရင်ကအတိုင်း ဆက်လက်သွားလာနေကြတယ်လို့ သိရပါတယ်။
2020-09-19
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ အစပြုချိန်ဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ရုတ်တရက် တိုးနေတာကြောင့် ပါတီအသီးသီးက ကိုယ်စားလှယ်လောင်းတွေနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေဟာ မဲဆွယ် စည်းရုံးရေးလုပ်ငန်းတွေကို ယာယီရပ်ဆိုင်းထားရပါတယ်။
2020-09-18
ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူများလာချိန်မှာ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ နိုင်ငံရေးပါတီ တချို့က တောင်းဆိုနေကြပါတယ်။ ကိုရိုနာဗိုင်းရပ်ကူးစက်သူဦးရေများလာတဲ့ အတွက် လူထုအတွင်း စိုးရိမ်မှုတွေ မြင့်မားလာနေပါတယ်။ ဒီလိုအချိန်မှာ ရွေးကောက် ပွဲကို လက်ရှိသတ်မှတ်ရက်အတိုင်း နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပသင့်ပါသလား။
2020-09-18
လွတ်လပ်ရေးရပြီးခဲ့ကတည်းက မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာခဲ့တဲ့ နိုင်ငံရေးမညီမျှ မှုတွေကြောင့် ပြည်တွင်းစစ်နဲ့ အတူ လက်နက်ကိုင်ပဋိပက္ခတွေရှိနေတာ ယနေ့ချိန် အထိပဲဖြစ်ပါတယ်။ တချိန်ထဲမှာလည်း လက်နက်ကိုင်ဖွဲ့အသီးသီးမှာ စစ်သင်တန်းတွေ လည်း ရှိလာကြပါတယ်။