သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-07-31
ရခိုင်ပြည်နယ်က မြို့နယ်လေးခုမှာ ဇူလိုင် ၃ဝ နဲ့ ၃၁ ရက်တွေအတွင်း မြန်မာ့တပ်မတော်နဲ့ AA ရခိုင့်တပ်တော်တို့ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး မြန်မာ့တပ်မတော်ဘက်က အထိအခိုက်အကျအဆုံးတွေ ရှိခဲ့တယ်လို့ AA အဖွဲ့ပြောခွင့်ရသူကပြောပါတယ်။ မြန်မာစစ်တပ်ကတော့ ဒီသတင်း မဟုတ်မှန်ကြောင်း ငြင်းဆိုပါတယ်။
2019-07-31
တိုက်ပွဲတွေကြောင့် အိုးအိမ်ရပ်ရွာစွန့်ခွာထွက်ပြေးရပြီး စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရတဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်က ခူမီးချင်းမျိုးနွယ်စု ၃ဝဝဝကျော်ရဲ့ နောက်ဆုံးအခြေအနေကို တင်ပြထားပါတယ်။
2019-07-30
ပုဂံက စေတီပုထိုးတွေကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် လက်ခံလိုက်တာနဲ့ ပတ်သက်လို့ သီတဂူဆရာတော်ရဲ့ သဘောထားနဲ့ အခြားဆရာတော်တွေရဲ့သဘောထားတွေ ကွဲပြားနေပါတယ်။
2019-07-30
ရခိုင်ပြည်နယ်မှာ တပ်မတော်ကို ယုံကြည်မှုကျဆင်းအောင် ရခိုင့်တပ်တော် AA က ကောလာဟလ ထုတ်လွှင့်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ မယုံကြည်ကြဖို့၊ ဒေသတည်ငြိမ်ရေးအတွက် အုပ်ချုပ်ရေးနဲ့ လုံခြုံရေးအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ဖို့ တပ်မတော်က တိုက်တွန်းကြောင်း ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။
2019-07-30
အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ကို အမည်ပြောင်းထားတဲ့ ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေး ရှင်းအဖွဲ့ကို တရားမဝင်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်းနဲ့ မြန်မာနိုင်ငံအနှံ့ စိုက်ထူထားတဲ့ ဆိုင်းဘုတ်တွေကို ဖြတ်ချဖို့ နိုင်ငံတော်သံဃမဟာနာယက (မဟန)အဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။
2019-07-30
စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး၊ ပြည်နယ်အတွင်း ကိုယ့် ကံကြမ္မာကိုယ် ဖန်တီးနိုင်ရေးနဲ့ ဒီမိုကရေစီ အပြည့်အဝရရှိရေးဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့အတူ ဒေသခံတွေ၊ အရပ်ဖက်အဖွဲ့တွေနဲ့ ဘာသာရေးအဖွဲ့တွေရဲ့ တောင်းဆိုချက်တွေကြောင့် ကချင်ပါတီတွေ ပေါင်းစည်းပြီး ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ဖြစ်လာတာလို့ ဆိုပါတယ်။
2019-07-29
ဧရာဝတီတိုင်း ပုသိမ်မြို့စက်မှုဇုန်က Amava Apparel Ltd အမားဗားအထည်ချုပ်စက်ရုံမှာ အလုပ်သမား ၁၅ဝဝ ကျော် ဒီနေ့ဆန္ဒပြကြပါတယ်။
2019-07-29
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ လာမယ့်လအနည်းငယ်အတွင်း ထပ်မံတွေ့ဆုံဆွေးနွေးဖို့ သဘောတူညီလိုက်ပါတယ်။
2019-07-27
နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ဦးဆောင်တဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ကို မနေ့ကရောက်ရှိပြီး ဒီနေ့မှာတော့ ကော့ဆက်ဘဇားခရိုင်အတွင်းက ဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
2019-07-25
ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည်တွေကိုမိုးရာသီကာလအတွင်း အမိုးအကာအောက်ရောက် ရှိရေးဆောင်ရွက်မယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြီးခဲ့တဲ့မေလကပင် ကတိပေးထားခဲ့ပေမယ့် အခုဇူလိုင်လ နောက်ဆုံးပတ်ကို ရောက်လာတဲ့အထိ အစိုးရက ကတိအတိုင်းဆောင်ရွက်ခြင်း မရှိသေးပါဘူး။
2019-07-25
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေကို နေရပ်ပြန်လာရေးအတွက် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဦးဆောင်ပြီး မနက်ဖြန် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
2019-07-24
မြင်းခြံအကျဉ်းထောင်မှာ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံနေရတဲ့ အမေရိကန်နိုင်ငံသား John Todoroki ဂျွန်တိုဒိုရိုကီကို လက်ရှိတရားစွဲထားတဲ့အမှုကနေ မြင်းခြံခရိုင်တရားရုံးက မနေ့က အာမခံပေးခဲ့ပေမယ့် လူဝင်မှုကြီးကြပ်ရေးဥပဒေအပါအဝင် နောက်ထပ်ဥပဒေ နှစ်ခုနဲ့ မြို့နယ်တရားရုံးက ထပ်မံတရားစွဲဆိုလိုက်ပါတယ်။
2019-07-23
တရုတ်နိုင်ငံက အကောင်အထည်ဖော်မယ့် One Belt One Road (OBOR)နဲ့ ဆက်စပ်တဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းတွေကို အပြုသဘောနဲ့ ကြိုဆိုတယ်လို့ ရက္ခိုင့်တပ်တော် AA က ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
2019-07-23
ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကျောက်မော်ပိုက်ဆိပ်က အိမ် ၈ လုံး ဒီနေ့မနက်က မီးရှို့ခံလိုက်ရပါတယ်။ အခုလို မီးရှို့တာဟာ တပ်မတော်ကလုပ်တာလို့ ဒေသခံအချို့ကပြောဆိုပေမယ့် တပ်မတော်ပြောခွင့်ရသူကတော့ တပ်မတော်က ဒီလိုမျိုးလုပ်ရပ်ကို ဘယ်တော့မှလုပ်မှာ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။
2019-07-23
မြန်မာနိုင်ငံထဲက တချို့မြို့နယ်တွေမှာ ရေကြီးနစ်မြုပ်လို့ ရေဘေးဒုက္ခတွေ ရင်ဆိုင်နေရပေမဲ့ တချို့မြို့နယ်တွေမှာတော့ မိုးခေါင်တာ၊ မိုးရွာနည်းတာတွေကြောင့် အထွက်နှုန်းလျော့မှာကို စိုက်ပျိုးရေးလုပ်ကိုင်သူတွေ စိုးရိမ်နေကြရပါတယ်။