သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-06-30
အာဏာသိမ်းစစ်ကောင်စီက သူတို့ဖမ်းဆီးထားသူ ၅ဝဝဝ ကျော်ရှိတဲ့အနက် ၂ဝဝဝ ကျော်ကို မနေ့က လွှတ်ပေးလိုက်တယ်လို့ ကြေညာခဲ့ပါတယ်။ ဒါဟာ နိုင်ငံတကာ ဖိအားပေးမှုကို လျှော့ချနိုင်ရေးအတွက် ကြိုးစားမှုတခုပဲလို့ ဝေဖန်သူတွေက ပြောပါတယ်။
2021-06-27
ဇွန် ၂၅ ရက် နဲ့ ဇွန်လ ၂၆ ရက် နှစ်ရက်တည်းမှာတင် စစ်ကိုင်းတိုင်း ကလေးမြို့မှာ ကိုဗစ်ကြောင့် အနည်းဆုံး လူ ၂၅ ဦး သေဆုံးသွားတယ်လို့ အကူအညီပေးနေတဲ့ ပရဟိတအဖွဲ့တွေက RFA ကိုပြောပါတယ်။
2021-06-22
အကြမ်းဖက်သမားလို့ စွပ်စွဲပြီး အဖမ်းခံထားရတဲ့ ပြည်သူ ၆၀၀ ကျော်ဟာ၊ ဗုံးနဲ့ လက်နက်အများအပြားကို စစ်ကောင်စီက လိမ်လည်ပြသပြီး မတရားစွပ်စွဲ ခံထားရတာဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
2021-06-17
RFA က လက်လှမ်းမီသလောက်ပြုစုထားတဲ့ စာရင်းတွေအရ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ သတ်ဖြတ်ခံရတာ ဒီနေ့အထိ ၁၂ ဦးထက်မနည်းရှိနေပါတယ်။
2021-06-14
ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ ခေါင်းဆောင်တွေ ဒီကနေ့ ဇွန်လ ၁၅ ရက်နေ့ကစပြီး KNU ဌာနချုပ်မှာ ၂ ရက်ကြာတွေ့ဆုံဆွေးနွေးပါလိမ့်မယ်။ ဒီဆွေး နွေးပွဲမှာ NCA စာချုပ် လိုက်နာအကောင်အထည်ဖော်ရေး ကိစ္စကိုပါ ထည့်သွင်းဆွေးနွေးမယ်ဆိုရင် ကရင်ပြည်နယ် မှာ ရောက်ရှိနေတဲ့ နွေဦးတော်လှန်ရေး အင်အားစုတွေကို ထိခိုက်မှာစိုးရိမ်ရတယ်လို့ ဝေဖန်သူတချို့က ပြောပါတယ်။
2021-06-14
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပထွက်လိုတဲ့ လူငယ်တွေ ပိုပြီးများပြားလာတာ တွေ့ရသလို တဖက်မှာလည်း နိုင်ငံ့အရေးအတွက် ပြည်တွင်း မှာပဲ နေထိုင်တိုက်ပွဲဝင်ကြမယ့် လူငယ်တွေလည်း ရှိနေကြပါတယ်။
2021-06-14
စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း လေးလကျော်အတွင်း စီးပွားရေး လုပ်ငန်းအများစု ကျဆင်းနေပြီး အလွှာပေါင်းစုံက ပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ ကျပ်တည်းလာတယ်လို့ အသေးစားလုပ်ငန်းရှင်တွေရော စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကပါ ပြောပါတယ်။
2021-06-12
တရုတ်နိုင်ငံဟာ တရုတ်နိုင်ငံဟာ အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူတွေအတွက် လက်တုံ့ပြန်မယ့် ဥပဒေတစ်ရပ်ကို ဇွန်လ ၁၀ ရက်နေ့က အတည်ပြုလိုက်ပါတယ်။
2021-06-10
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီကို ဆန့်ကျင်တဲ့ ဆရာတော် သံဃာတော်တွေ ဖမ်းဆီးခံနေရချိန်မှာပဲ ရဟန်းဘဝကို စွန့်လွှတ်ပြီး စစ်ကောင်စီကို တော်လှန်ဖို့ လက်နက်စွဲကိုင်သွားတဲ့ သံဃာတပါးလည်း ရှိလာပါတယ်။ ရဟန်းဝတ်နဲ့ ၁၃ ဝါတိုင်တိုင် သီတင်းသုံး နေထိုင်ခဲ့ပြီး လက်ရှိအချိန်မှာ လက်နက်ကိုင် တော်လှန်ရေးသမားဖြစ်လာသူကတော့ လှိုင်သာယာမြို့နယ်က ကျောင်းထိုင်ဆရာတော် ဦးဇင်း ဦးကေသရပါ ...။
2021-06-09
ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ဖမ်းဆီးခေါ်ဆောင်သွားတာ ခံရပြီးတဲ့နောက်၊ အသက်သေဆုံးသွားတဲ့ သူအချို့ရဲ့ အလောင်းကို ပြန်လည်ထုတ်ယူရာမှာ ခန္ဓာကိုယ်ကို ခွဲစိတ်ထားပြီး၊ ကိုယ်တွင်းအင်္ဂါအချို့ကို ထုတ်ယူထားတဲ့ အထောက်အထားတွေ တွေ့ရတဲ့အကြောင်း မိသားစုဝင်တွေနဲ့ ကိုယ်တွေ့ကြုံခဲ့သူ အချို့က ပြောပါတယ်။
2021-06-02
ကျောင်းပြန်တက်မယ့် ကျောင်းသားအရေအတွက် နည်းပါးတာ၊ ပညာရှင် ဆရာဆရာမတွေ အာဏာသိမ်းဆန့်ကျင်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်နေပြီး အများအပြား အလုပ်ထုတ်ခံနေရတာတွေကြောင့် မြန်မာ့ပညာရေး အနာဂတ် မရေမရာ ဖြစ်နေပါတယ်။
2021-06-02
ကမ္ဘာ့နိုင်ငံ ၁၄၀ အနက် ၃၈ နိုင်ငံမြောက် စစ်အင်အားတောင့်တင်းတဲ့ စစ်ကောင်စီတပ်တွေဟာ တိုင်းရင်းသားလက်နက်ကိုင် တပ်တွေနဲ့သာ တိုက်ပွဲဝင်ခဲ့ရာက ပြည်သူလူထုပါဝင်တဲ့ မြို့ပြတိုက်ပွဲ အခင်းအကျင်းဘက်ကို ရောက်လာပါတယ်။
2021-06-01
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝန်းမှာ အကွဲကွဲအပြားပြား ဖြစ်နေတဲ့အပေါ် တရုတ်အစိုးရက ကျေနပ်အားရနေကြောင်း Nikkei Asia သတင်းက ဖော်ပြပါတယ်။