သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-01-31
စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ သတ္တုတွင်းလုပ်ငန်း၊ စွမ်းအင်ဆိုင်ရာ တာဝန်ရှိသူတွေ၊ လက်ရှိ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ စစ်ဘက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်ဟောင်းတွေကို အရေးယူဒဏ်ခတ်တဲ့အကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။
2023-01-31
လာမယ့်ခြောက်လအတွင်း ရွေးကောက်ပွဲကျင်းပမယ်လို့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ပေမယ့် ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေးနဲ့ တည်ငြိမ်ရေးက ဝေးကွာနေပါသေးကြောင်း The Globe and Mail သတင်းက ဖော်ပြပါတယ်။
2023-01-31
ဒီနေ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့မှာ စစ်တပ်အာဏာသိမ်းထားတာ နှစ်နှစ်ပြည့်သွားပြီမို့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) က နေပြည်တော်မှာ အစည်းအဝေး ခေါ်ယူခဲ့ကြောင်း စစ်ကောင်စီရဲ့ သတင်းမီဒီယာတွေက ဒီနေ့ ထုတ်ပြန်ပါတယ်။
2023-01-31
လက်ရှိအခြေအနေတွေအတိုင်း ရှေ့ဆက်သွားမယ်ဆိုရင် နိုင်ငံရဲ့စီးပွားရေးဟာ ဒီထက်ပိုကျလာပြီး အလုံးစုံပျက်သုဉ်းမှုဆီကို ဦးတည်သွားနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီပွားရေးပညာရှင် တစ်ဦးက RFA ကို ပြောပါတယ်။
2023-01-30
မြန်မာ့အရေးမှာ အာဆီယံအပြင် တရုတ်၊ အီးယူ၊ ကုလသမဂ္ဂ စတဲ့ နိုင်ငံနဲ့အဖွဲ့အစည်းတွေက ပါဝင်ဆောင်ရွက်ခဲ့ပေမယ့် အာဆီယံဟာ မြန်မာပြည်သူတွေက မျှော်လင့်ထားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်နိုင်ခြင်း မရှိခဲ့တဲ့အကြောင်း မစ္စတာ ဆိုင်ဖူဒင်က ပြောပါတယ်။
2023-01-30
အဲ့ဒီနေ့မှာ မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ မြန်မာတစ်နိုင်ငံလုံး ပြည်သူတွေ အိမ်ပြင် လမ်းမပေါ်မထွက်ကြဖို့ အိမ်ပြင်မထွက်ကြဖို့ ဒီမိုကရေစီအင်အားစုတွေက နှိုးဆော်နေပါတယ်။
2023-01-30
အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့နယ်မှာ မြန်မာစစ်ဘေးဒုက္ခသည် ၅၀ ခန့် ဇန်နဝါရီလ ၃၀ ရက်နေ့ ထပ်မံဖမ်းဆီးခံရသလို အိန္ဒိယနယ်စပ်မှာ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ အခြား မြန်မာစစ်ဘေးဒုက္ခသည်တွေလည်း ပုန်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့ကလည်း လူပေါင်း ၈၀ ဖမ်းဆီးခံခဲ့ရတာကြောင့် အခုဆိုရင် အချိန်လေးရက်အတွင်း အဖမ်းခံရတဲ့ မြန်မာဒုက္ခသည် ၁၃၀ ခန့် ရှိလာပါတယ်။
2023-01-30
အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးနေရာမှာ အမြစ်ပြတ်ချေမှုန်းရေးနဲ့ အပြုတ်တိုက်လမ်းစဉ်ကိုသာ စစ်တပ်နဲ့ အာဏာရှင်ဆန့်ကျင်သူ နှစ်ဖက်စလုံးက ကြိုးစားလာကြပါတယ်။
2023-01-30
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက လွှတ်တော်အမတ် သုံးဦးအပါအဝင် ပါတီဝင် ၈၄ ဦး သေဆုံးပြီး ၁၂၃၂ ဦး အဖမ်းခံထားရတယ်လို့ NLD ပါတီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းကောက်ယူရေးဌာနက RFA ကို ပြောပါတယ်။
2023-01-29
စစ်ကိုင်းတိုင်း အရာတော်မြို့နယ် သလဲဘာရွာနားမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေ ဇန်နဝါရီလ ၂၇ ရက် သောကြာနေ့ ည ၉ နာရီခွဲဝန်းကျင်မှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-28
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ ဇန်နဝါရီလ ၂၅ ရက်နောက်ပိုင်း လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ကျေးရွာ ၁၁ ရွာနဲ့ ဒုက္ခသည်စခန်းသုံးခုက ဒေသခံငါးထောင်ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရပါတယ်။
2023-01-27
စစ်ကောင်စီက အသစ်ပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်ဟာ ကန့်သတ်ချက်တွေ များလွန်းပြီး တစ်နိုင်ငံလုံးမှာဝင်ပြိုင်မယ့် ပါတီတွေအတွက် အခက်အခဲ ဖြစ်စေတယ်လို့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။
2023-01-27
ဇန်နဝါရီလ ၂၂ ရက်နေ့မှာကျရောက်ခဲ့တဲ့ တရုတ်နှစ်သစ်ကူးမတိုင်ခင် ဇန်နဝါရီ ၁၅ ရက်နေ့ကတည်းက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ တိုက်ပွဲတွေ ရပ်တန့်သွားပါတယ်။
2023-01-26
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့မှာ ကျုံဒိုးမြို့မှာ ဇန်နဝါရီလ ၂၃ ရက်ကနေ ၂၅ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကော်သူးလေတပ်မတော် (KTLA) အပါအဝင် ပူးပေါင်း တပ်တွေ သုံးရက်ကြာတိုက်ပွဲဖြစ်ခဲ့တာကြောင့် ဒေသခံတစ်သောင်းကျော် ထွက်ပြေးနေရပါတယ်။
2023-01-26
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ဘိန်းစိုက်ပျိုးမှု ထူးထူးခြားခြား ပိုများလာခဲ့တယ်လို့ UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာဌနက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။