သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-01-31
ကိုရိုနာဗိုင်းရပ်စ်ရောဂါအများဆုံးဖြစ်နေတဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ တရားမဝင်နေထိုင်အလုပ်လုပ်နေရတဲ့ မြန်မာနိုင်ငံသားရာပေါင်းများစွာရှိနေပြီး၊ တချို့က မြန်မာပြည်ပြန်ချင်ပေမယ့် ပြန်နိုင်အောင် ကူညီမယ့်သူမရှိလို့ အခက်အခဲဖြစ်နေတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
2020-01-30
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို နိုင်ငံတကာစိုးရိမ်ဖွယ် အရေးပေါ် အခြေအနေအဖြစ် ကြာသပတေးနေ့ ညနေမှာ သတ်မှတ်ကြေညာလိုက်ပါပြီ။
2020-01-30
အာရှတိုက်က အစိုးရအများစုဟာ လူ့အခွင့်အရေးအပေါ် အလေးအနက်ထားတာ နည်းပါးနေဆဲဖြစ်သလို၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကလည်း အပြစ်လွတ်နေဆဲဖြစ်တယ်လို့ AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောပါတယ်။
2020-01-29
ဇန်နဝါရီလ ၂၉ ရက်နေ့ ဂျပန်အခြေစိုက် The Diplomat စာစောင်မှာ မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်ပြဿနာအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ သဘောထားနဲ့ ပါဝင်ပတ်သက်မှုဆိုင်ရာ သုံးသပ်ချက် ဆောင်းပါးတစ်စောင် ဖော်ပြခဲ့ပါတယ်။
2020-01-29
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံကို အရေးယူပေးဖို့ ဂမ်ဘီယာနိုင်ငံက တောင်းဆိုထားတဲ့အမှုအပေါ် ICJ တရားရုံးက ကြားဖြတ်အမိန့် အချက် လေးချက်ကို ဇန်နဝါရီ ၂၃ ရက်နေ့က ချမှတ်လိုက်ပါတယ်။
2020-01-29
၂၀၂၀ ဇန်နဝါရီ ၂၉ အထိ လူငါးထောင်ကျော် ကူးစက်ခံရပြီး၊ ၁၃၂ ဦး သေဆုံးခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုအခြေအနေနဲ့ နိုင်ငံအလိုက် ကူးစက်ခံရမှု၊ သေဆုံးမှုအရေအတွက်တွေကို RFA က မြေပုံနှင့် ကိန်းဂဏန်း (infographic) ကိုအသုံးပြုပြီးတော့ ရှင်းပြထားပါတယ်။
2020-01-28
တရုတ်ပြည် ဝူဟန်ဒေသကစတင်တဲ့ ဗိုင်းယပ်ရောဂါကြောင့် အထိတ်တလန့် ဖြစ်နေကြတာမှာ တရုတ်ပြည်ယူနမ်နယ်မှာအလုပ်လုပ်တဲ့ မြန်မာနိုင်ငံသားများ မြန်မာပြည်တွင်း ပြည်လည်၀င်ရောက်လျှက်ရှိပါတယ်။
2020-01-28
အပြည်ပြည်ဆိုင်ရာတရုံး ICJ က ချမှတ်လိုက်တဲ့ ကြားဖြတ်စီမံချက် လေးချက်ကိုဆောင်ရွက်မယ်ဆိုရင် မြန်မာ့နိုင်ငံရေးမှာ အကဲဆတ်တဲ့ကိစ္စရပ်တွေကိုပါ ကိုင်တွယ်ဖြေရှင်းရမှာဖြစ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောလိုက်ပါတယ်
2020-01-27
တိရစ္ဆာန်က စဖြစ်ပွားတဲ့ ကိုရိုနာဗိုင်းရပ်စ် ဟာ လူကို စကူးစက်ခံရချိန်မှာ ရောဂါလက္ခဏာ မပြသတဲ့အကြောင်းနဲ့ သိကောင်းစရာ တစေ့တစောင်းကို ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2020-01-25
တနင်္ဂနွေနေ့ မနက် တရုတ်အစိုးရ ထုတ်ပြန်ချက်အရ ဝူဟန် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၆ ဦးရှိပြီ ဖြစ်ပြီး ကမ္ဘာတစ်ဝန်း ကူးစက်ဖြစ်ပွားသူ ၁၉၇၅ ဦး ရှိသွားပါပြီ။
2020-01-24
အပြည်ပြည်ဆိုင်ရာတရားရုံး ICJ က ချမှတ်လိုက်တဲ့အမိန့်တွေဟာ မြန်မာအစိုးရအနေနဲ့ လိုက်နာဆောင်ရွက်နိုင်တဲ့ အခြေအနေတွေဖြစ်သလို ဒီကိစ္စတွေ ဆောင်ရွက်ပြီးတဲ့အခါ နိုင်ငံတကာအမြင်မှာ ပိုကောင်းလာနိုင်တာကြောင့် ဒီဆုံးဖြတ်ချက်ကို လူ့အခွင့်အရေး၊ တရားဥပဒေ၊ နိုင်ငံရေးနယ်ပယ်မှာ ကြိုဆိုသူတွေ ရှိနေကြပါတယ်။
2020-01-24
တပ်မတော်ကို ဝေဖန်ထောက်ပြသူတွေကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုတာဟာ နစ်နာအောင် တမင်လုပ်ဆောင်တာဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲအတွက် အသံတိတ်အောင်လုပ်တာလို့ တရားစွဲဆိုခံထားရတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ဝေဖန်လိုက်ပါတယ်။
2020-01-23
အပြည်ပြည်ဆိုင်ရာ တရားရုံးရဲ့ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ မှတ်သားထားရှိပါတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။
2020-01-23
လန်ဒန်အခြေစိုက် Financial Times သတင်းစာမှာ "စစ်ရာဇဝတ်မှုတွေ တရားစီရင်နိုင်ရေး မြန်မာကို အချိန်ပေးပါ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဆောင်းပါးတပုဒ် ဖော်ပြခဲ့ပါတယ်။
2020-01-23
ICJ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က ICJ တရားရုံးကို တက်ရောက်နားထောင်ခဲ့တဲ့ BROUK အဖွဲ့က ကိုထွန်းခင်၊ တရားရုံးရှေ့ကို သွားရောက်ဝန်းရံခဲ့တဲ့ နယ်သာလန်နိုင်ငံက မြန်မာ့တပ်မတော် (လေ) တပ်ဖွဲ့ဝင်ဟောင်း ဦးခင်မောင်အေးရဲ့ သဘောထားတွေကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။