ဝူဟန် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၆ ဦးရှိပြီ
ခင်မောင်စိုး
2020.01.25
2020.01.25

တနင်္ဂနွေနေ့ မနက် တရုတ်အစိုးရ ထုတ်ပြန်ချက်အရ ဝူဟန် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၆ ဦးရှိပြီ ဖြစ်ပြီး ကမ္ဘာတစ်ဝန်း ကူးစက်ဖြစ်ပွားသူ ၁၉၇၅ ဦး ရှိသွားပါပြီ။
စတင်ဖြစ်ပွားတဲ့ ဟူးဘေးပြည်နယ် ဝူဟန်မြို့က မြန်မာတွေကတော့ အခုအချိန်ထိ ကျန်းမာနေကြပြီး သူတို့ကိုပြန်ခေါ်ဖို့ မြန်မာအစိုးရကို မေတ္တာရပ်ခံထားပါတယ်။
နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်ပြီး ပေကျင်းမှာ ရှိတဲ့ မြန်မာသံရုံးက ဒုတိယ အတွင်းဝန် ဦးစိုးပြည့်ဝင်း နဲ့ ဝူဟန်မြို့က မြန်မာကျောင်းသား ကိုစည်သူတို့ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။