"စစ်ရာဇဝတ်မှုတွေ တရားစီရင်နိုင်ရေး မြန်မာကို အချိန်ပေးပါ"
2020.01.23

မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုလုပ်ရပ်တွေ ဆက်လက်မပေါ်ပေါက်အောင် တားဆီးရေးအတွက် ကြားဖြတ်လိုက်နာ လုပ်ဆောင်ရမယ့်အချက်တွေကို ICJ အပြည်ပြည်ဆိုင်ရာတရားရုံးက ချမှတ်လိုက်တဲ့ ဒီနေ့မှာပဲ လန်ဒန်အခြေစိုက် Financial Times သတင်းစာမှာ "စစ်ရာဇဝတ်မှုတွေ တရားစီရင်နိုင်ရေး မြန်မာကို အချိန်ပေးပါ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါးတပုဒ် ဖော်ပြခဲ့ပါတယ်။
RFA ဝိုင်းတော်သား ဦးသစ်ဆင်း က ကောက်နှုတ်တင်ပြထားပါတယ်။