သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-08-12
အာဏာမသိမ်းခင်က ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ၅ သောင်းပဲရှိခဲ့ပေမယ့် အခု စစ်တပ်အာဏာသိမ်းပြီးနောက် တစ်သိန်းနားထိ စျေးကပ်လာနေပါတယ်။
2022-08-12
စစ်ကောင်စီစွမ်းအင်ဝန်ကြီးဌာန စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ စာရင်းတွေအရ ဩဂုတ်လ ၇ ရက်ကနေ ဒီကနေ့ ဩဂုတ်လ ၁၂ ရက်နေ့အထိ လောင်စာဆီဈေးနှုန်းတွေ တစ်ဟုန်ထိုးမြင့်တက်ပြီး ငါးရက်အတွင်း ၆၀၀ ကျပ်ဝန်းကျင်နဲ့ ၃၉ ရာခိုင်နှုန်းအထိ ဈေးမြင့်တက်လာပါတယ်။
2022-08-12
စစ်တပ်က အာဏာသိမ်းပြီး ၁၈ လအကြာ ရန်ကုန်မြို့ကြီးမှာ ခိုးဆိုးလုယက်၊ ဓားပြတိုက်၊ ခါးပိုက်နှိုက်မှုတွေ ပိုဆိုးလာတဲ့အတွက် နေ့ခင်းအချိန် လမ်းလျှောက်သွားရင်တောင် စိတ်မလုံခြုံသလို ခံစားရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
2022-08-11
ဒီသင်္ဘောဖျက် ဒုံးကျည်ကို အိန္ဒိယ အစိုးရချေးငွေနဲ့ ဝယ်ဖို့ စစ်ကောင်စီက စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။ ရုရှားမီဒီယာက ဦးဦးဖျားဖျား ဖော်ပြတာမို့ ကရင်မလင်ဟာ သူ့စိတ်ဆန္ဒရှိတဲ့အတိုင်း မြန်မာစစ်ကောင်စီကို အလောသုံးဆယ် ရောင်းချချင်ပုံပေါ်တယ်လို့လည်း ယူကရိန်းသတင်းက ပြောပါတယ်။
2022-08-11
စစ်ကိုင်းတိုင်း ဒီပဲယင်း၊ ရေဦးနဲ့ အရာတော်မြို့နယ်တွေကို စစ်ကောင်စီတပ်တွေက ဩဂုတ်လ ၈ ရက်ကစလို့ ကုန်းကြောင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေပါတယ်။
2022-08-11
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Global Justice Center (GJC) က မြန်မာ့အရေးနဲ့ ပတ်သက်ရင် ကြေညာချက်တွေ ထုတ်နေရုံနဲ့ မလုံလောက်တော့ဘဲ အမေရိကန်လို အင်အားကြီးနိုင်ငံ အစိုးရတွေက စစ်အာဏာရှင်ပြုတ်ကျရေးအတွက် လုပ်ပိုင်ခွင့်အာဏာမျိုးစုံသုံးပြီး လုပ်ဆောင်သင့်ကြောင်း ဩဂုတ်လ ၆ ရက်နေ့က တွစ်တာလူမှုကွန်ရက်ကနေ တိုက်တွန်းလိုက်ပါတယ်။
2022-08-11
စစ်တပ်အာဏာသိမ်းပွဲအပြီးမှာ ပြည်တွင်းပြည်ပရှိ မြန်မာပညာတတ် လူငယ်တွေ စုစည်းထူထောင်ခဲ့တဲ့ နွေဦးတက္ကသိုလ်က ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်နဲ့ ပူးပေါင်းပြီး မြန်မာကျောင်းသား ၅ဝဝ ခန့်ကို ပထမဆုံးအကြိမ် သင်တန်းပို့ချဖို့ သဘောတူညီချက်ရရှိခဲ့ပြီလို့ သိရပါတယ်။
2022-08-11
မြန်မာအာဏာသိမ်း စစ်ကောင်စီအတွက်၊ အမေရိကန်ဒေါ်လာ သန်းနဲ့ချီ တန်ဖိုးရှိ၊ လက်နက်တွေနဲ့ တခြား စစ်ရေးပစ္စည်းတွေ ပံ့ပိုးပေးနေတဲ့၊ မြန်မာနဲ့ စင်္ကာပူ ကုမ္ပဏီ ၁၁၆ ခု ရှိနေကြောင်း Justice for Myanmar အဖွဲ့က ပြီးခဲ့တဲ့ နာရီပိုင်း အတွင်းမှာပဲ ထုတ်ပြန်လိုက်ပါတယ်။
2022-08-10
လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ပတ်သက်တဲ့ စစ်ကောင်စီရဲ့ ကန့်ကွက်ချက်တွေကို အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ကနေ ပယ်ချပြီးတဲ့နောက် သိပ်မကြာခင် အခု ဩဂုတ်လဆန်းပိုင်းမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လက်ခံမယ့်အကြောင်း ရခိုင်ပြည်နယ် စစ်ကောင်စီက လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် ထုတ်ဖော်အသိပေးလာပါတယ်။
2022-08-10
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာမှာ ဩဂုတ်လ ၈ ရက်နဲ့ ၉ ရက်နေ့တွေက စစ်ကောင်စီတပ်နဲ့ KIA၊ PDF ပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး နေအိမ် ၄၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသလို ဒေသခံ ငါးဦးလည်း လက်နက်ကြီး၊ လက်နက်ငယ်ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-08-10
မကွေးတိုင်း မြိုင်နဲ့ ပေါက်မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ဒေသခံတွေရဲ့ လက်လုပ်ရေနံတွင်း ၃၂၀ ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီရေနံတွင်းတွေကနေ PDF အဖွဲ့တွေ အထောက်အပံ့ ရနေတာကြောင့် လုံခြုံရေးအရ ဆောင်ရွက်နေတာလို့ ပြောဆိုပါတယ်။
2022-08-09
သြဂုတ်လ ၈ ရက်နေ့က ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုနဲ့ ဟုမ္မလင်းမြို့နယ် ရွှေပြည်မြင့်ရွာက ရှမ်းနီအမျိုးသားတပ်မတော်(SNA) စခန်းကို KIA ကချင်လွတ်မြောက်ရေးအဖွဲ့ တပ်မဟာ ၉ ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ လက်နက်ခဲယမ်းအများအပြား သိမ်းပိုက်ရရှိခဲ့တယ်လို့ KIA ထိပ်တန်းခေါင်းဆောင်တစ်ဦးက RFA ကို အတည်ပြုပြောကြားပါတယ်။
2022-08-09
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီကနေ ဩဂုတ် ၈ ရက် မနေ့ကအထိ ရှစ်လလောက်အတွင်း ကျေးရွာပေါင်း ၃၀ က နေအိမ်တွေ မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
2022-08-09
၅၅ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ဇူလိုင် ၃၁ ရက်ကနေ ဩဂုတ်လ ၆ ရက်နေ့အထိ “စိန်ခေါ်မှုတွေကို အတူရင်ဆိုင်ဖြေရှင်းမယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပခဲ့ပြီး မြန်မာ့အရေးဟာ ထိပ်တန်းအကြောင်းအရာ တစ်ခုအဖြစ် လွှမ်းမိုးနေခဲ့ပါတယ်။
2022-08-09
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ CDM ဝန်ထမ်းတွေ၊ သတင်းသမားတွေဟာ သူတို့ရဲ့ လုံခြုံရေးအခြေအနေကြောင့် နယ်စပ်ဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ စစ်အာဏာသိမ်းချိန်ကနေ အခုအချိန်အထိ ထိုင်း-မြန်မာနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည် တစ်သိန်းခွဲကျော် ရှိနေတယ်လို့ ဒုက္ခသည်တွေအရေး ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။