သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-04-23
ရန်ကုန်မြို့ရဲ့ ဒုမြို့တော်ဝန်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ ဦးစိုးလွင်ဟာ လွန်ခဲ့တဲ့ ၅ လလောက်က စမ်းချောင်းမြို့နယ် တရားရုံးက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၄ (ခ) ၊ ရာဇသတ်ကြီးပုဒ်မ ၅ဝ၆ တို့နဲ့ ပြစ်ဒဏ်စီရင်ခြင်းခံခဲ့ရပြီး စည်ပင်ရွေးကောက်ပွဲ နည်းဥပဒေပုဒ်မ ၂၈ နဲ့ ငြိစွန်းခဲ့သူ ဖြစ်ပါတယ်။
2019-04-22
မြန်မာနိုင်ငံ အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ပြီး အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေ မရှိတဲ့အကြောင်း အကျဉ်းဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။
2019-04-22
ထောင်ဒဏ် ၇ နှစ်ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် ၂ဦး နဲ့ပတ်သက်ပြီး တရားလွှတ်တော်ချုပ်ရုံးအနေနဲ့ သူတို့ကို ပြစ်ဒဏ်ကနေ လွှတ်ပေးဖို့ ဆုံးဖြတ်သင့်တယ်လို့ နိုင်ငံတကာ အရပ်ဘက်လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
2019-04-19
တရုတ်နိုင်ငံမှာ ကျင်းပမယ့် ပိုးလမ်းမစီမံကိန်း ဒုတိယအကြိမ် ဖိုရမ်မှာ တရုတ်အစိုးရက မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့အခါ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဘက်က လက်ခံလိုက်မှာကို ကချင်နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်အဖွဲ့တွေနဲ့ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
2019-04-19
အခုနွေရာသီမှာ အရင်ကထက်ပိုပြီး အပူဒဏ်ခံစားနေရတာဟာ သစ်တောပြုန်းတီးခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ခုဖြစ်ပြီး အဲ့ဒီဆိုးကျိုးကို တနေ့တခြား သိသိသာသာ ခံစားနေကြရပြီလို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ဆောင်သူတွေက ပြောကြပါတယ်။
2019-04-19
မြန်မာနှစ်ဆန်းတစ်ရက်နေ့ မနေ့က နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၂ ဦးသာ ပါဝင်ခဲ့တဲ့အပေါ် လူ့အခွင့်အရေးဆောင်ရွက်နေတဲ့အဖွဲ့တွေ၊ ရှေ့နေတွေနဲ့ နိုင်ကျဉ်းအဖွဲ့တွေက ဝေဖန်ကြပါတယ်။
2019-04-19
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဘောင်းဒွတ်ကျေးရွာထဲကို မနေ့က လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရွာမှာရှိတဲ့ သားအဖနှစ်ယောက် ထိခိုက်ဒဏ်ရာရပြီး မြောက်ဦးဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။
2019-04-19
ဒေါင်းတို့မျိုးဆက် သြင်္ကန်အဖွဲ့ကို တပ်မတော်က ပုဒ်မ ၆၆ (ဃ) နဲ့ မူလက တရားစွဲခဲ့ရာကနေ ပုဒ်မ ၅ဝ၅ (ခ) နဲ့ပါ တရားစွဲဆိုဖို့ စီစဉ်နေတာနဲ့ ပတ်သက်ပြီး တပ်မတော် ပြောခွင့်ရှိသူ နဲ့ ဒေါင်းတို့မျိုးဆက် ခေါင်းဆောင် ကိုဇေယျာလွင် တို့ရဲ့ ပြောဆိုစကားတွေကို RFA အဖွဲ့သား ဦးခင်မောင်စိုး က တင်ပြထားပါတယ်။
2019-04-17
'ဝ' ဒေသ ပန်ဆန်းမြို့မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေး နှစ် ၃ဝ ပြည့် အခမ်းအနားဟာ ငြိမ်းချမ်းရေးအတွက် အဖွဲ့အင်အားတောင့်တင်းဖို့ လိုတယ်ဆိုတာကို ပြသတဲ့ ပွဲတခုအဖြစ် သုံးသပ်သူတွေ ရှိပါတယ်။
2019-04-16
ပြင်သစ်နိုင်ငံ ပါရီမြို့က Notre-Dame ဘုရားကျောင်းတော် ဧပြီ ၁၅ ရက်က မီးသင့်လောင်လို့ တကမ္ဘာလုံး ဝမ်းနည်းနေချိန်မှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့က ရှေးဟောင်းဘုရားတွေ စစ်မက်ဒဏ်သင့်လို့ ယဉ်ကျေးမှုတရပ် ဆုံးရှုံးသွားမှာကို ရှေးဟောင်းအမွေအနှစ် တန်ဖိုးသိသူတွေက စိုးရိမ်နေကြပါတယ်။
2019-04-16
ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့အဖွဲ့တွေ စားနပ်ရိက္ခာနဲ့ ဆေးဝါး သယ်ယူပို့ဆောင်နေတာတွေနဲ့ ပတ်သက်လို့ ပြည်နယ်အစိုးရက တင်းကျပ်လိုက်တဲ့အတွက် ဒုက္ခသည်တွေ အခက်အခဲ ကြုံတွေ့နေရတယ်လို့ ပြောကြပါတယ်။
2019-04-15
AA ရခိုင့်တပ်မတော်ရဲ့ သင်တန်းကျောင်းနေရာနဲ့ လက်နက်ခဲယမ်းတချို့သိမ်းဆည်းရမိတယ်လို့ မြန်မာ့တပ်မတော်က ကြေညာပါတယ်။
2019-04-15
တရုတ်ပြည်ဘေဂျင်းမှာ ဒီလကုန်ပိုင်းကျင်းပမယ့် ဒုတိယအကြိမ် စြင်္ကန်နဲ့ ပတ်လမ်းဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာဖြစ်သလို၊ မြန်မာ တရုတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ဇုန်ကို ၂၀၂၀ အမှီ ထူထောင်မှာဖြစ်ပြီး၊ ဒီစီမံကိန်း အတွက် လုပ်ငန်းစဉ်ကြီး ၁၂ ရပ် ချမှတ် လုပ်ဆောင်မယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ကလည်း ပြောပါတယ်။
2019-04-15
ခမ်းနားထည်ဝါတဲ့ အိမ်ကြီး တိုက်ကြီးနဲ့ နေထိုင်ရတာမဟုတ်ပေမဲ့ အိမ်ဟာ လူတယောက်ဘဝအတွက် အရေးကြီးပြီး အိမ်နားက လုပ်ကိုင်စားသောက်နိုင်တဲ့ မြေဟာ ဘဝအတွက် အာမခံချက် ဖြစ်ပါတယ်။
2019-04-13
တရုတ်နိုင်ငံက ဖော်ဆောင်နေတဲ့ စီမံကိန်းလုပ်ငန်းတွေထဲက မြန်မာနိုင်ငံအတွက် အကျိုးရှိမယ့် လုပ်ငန်းတွေမှာ တပ်မတော်အနေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ် သမ္မတ ရှီကျင်းဖျင် ကို ပြောကြားလိုက်ပါတယ်။