သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-07-18
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပြည်သူ ၁၄ သန်းလောက်အထိ အရေးပေါ် အကူအညီ လိုအပ်နေတဲ့အချိန်မှာ အာဆီယံနဲ့ စစ်ကောင်စီကို ဗဟိုပြုထားတဲ့အကူအညီပေးရေးလုပ်ငန်းတွေဟာ ထိရောက်မှု မရှိဘူးလို့ ထိုင်း-မြန်မာနယ်စပ်မှာ အခြေစိုက်ပြီး လူသားချင်းစာနာမှုအကူအညီပေးရေး လုပ်ဆောင်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုက တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
2022-07-18
စစ်တပ်အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်အတွင်း လွှတ်တော်အမတ် သုံးဦးအပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ၄၈ ဦး သေဆုံးပြီး ပါတီဝင် ၉၆၀ ကျော် အဖမ်းခံထားရတယ်လို့ NLD ပါတီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းကောက်ယူရေးအဖွဲ့က RFA ကို ပြောပါတယ်။
2022-07-18
မန္တလေးနဲ့ မုံရွာမြို့ အကျဉ်းထောင်တရားရုံးတွေမှာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်လို့ ဖမ်းဆီးတရားစွဲ ခံထားရတဲ့ နိုင်ငံရေးအမှုတွေကို လိုက်ပေးနေတဲ့ ရှေ့နေတွေဟာ ပြီးခဲ့တဲ့ ဇွန်လ တစ်လတည်းမှာ ဆယ်ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2022-07-17
အနောက်နိုင်ငံအတော်များများက မြန်မာစစ်တပ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ စီးပွားရေးအကျိုး အမြတ်တွေကို ပိတ်ဆို့အရေးယူထားတာဖြစ်ပေမယ့် ရုရှားနဲ့တရုတ်က မြန်မာစစ်တပ်ကို လက်နက်တွေ ဆက်လက်ထောက်ပံ့ပေးနေတာပါ။
2022-07-17
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပညာရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ပြီး အွန်လိုင်းကနေအခမဲ့ စာသင်ပေးနေတဲ့ Kaung for You ကျောင်းက ဆရာ၊ ဆရာမတွေ အဖမ်းခံခဲ့ရတာကြောင့် သူတို့ဆီမှာ ကျောင်းအပ်ထားတဲ့ ကျောင်းသားမိဘတွေ လုံခြုံရေးအတွက် စိုးရိမ်နေကြပါတယ်။
2022-07-16
၂ဝ၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ တချို့ဒေသတွေက ကလေးတွေ သေဆုံး၊ တချို့ ကိုယ်လက်အင်္ဂါဆုံးရှုံး၊ တချို့ နေစရာပျောက်၊ စားစရာမဲ့၊ တချို့ တောတောင်တွေထဲမှာ အမိုးအကာမဲ့ နေ့ ည ဖြတ်သန်းနေရပါတယ်။
2022-07-16
ပြည်ပကနေ ချေးထားတဲ့ချေးငွေတွေကို အတိုးရောအရင်းပါ ပြန်မဆပ်ဘဲ ဆိုင်းငံ့ထားဖို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က AD လိုင်စင်ရဘဏ်တွေထံကို ဇူလိုင် ၁၃ ရက်နေ့ ရက်စွဲနဲ့ အမိန့်ထုတ်ပြန်ထားပါတယ်။ဒီအမိန့်ညွှန်ကြားချက်ဟာ ပြည်တွင်းကဒေါ်လာတွေ ပြည်ပမထွက်အောင် လုပ်ဆောင်တာဖြစ်ပြီး ပြည်ပချေးငွေယူထားတဲ့ ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေအားလုံး အခက်အခဲတွေ ဖြစ်ကုန်တယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ သုံးသပ်သူတွေက ပြောပါတယ်။
2022-07-15
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားနိုင်ငံ ခရီးစဉ်အတွင်းမှာ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန ထိပ်တန်းအရာရှိတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပေမယ့်၊ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ခရီးစဉ်ကို အလွတ်သဘော လာရောက်တဲ့ ခရီးအဖြစ် ဖော်ပြခဲ့ပါတယ်။
2022-07-15
မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က ဇူလိုင်လဆန်းကစလို့ ဝင်ရောက်စီးနင်းခဲ့ပြီး တစ်နိုင်တစ်ပိုင် လက်လုပ်ရေနံတွင်း ၁၅၀ ဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့နှစ်ပတ်အတွင်း မြိုင်မြို့နယ်မှာ ရေနံတွင်း ၁၃၉ တွင်းနဲ့ ပေါက်မြို့နယ်က ရေနံတွင်း ၁၅ တွင်း မီးလောင်ပျက်စီးခဲ့ပါတယ်။
2022-07-15
အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ မူလတာဝန် ပြန်လည်ထမ်းဆောင်ဖို့ စစ်ကောင်စီက မကြာခဏ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီကမ်းလှမ်းချက်ကြောင့် လုပ်ငန်းခွင်ပြန်ဝင်သူတချို့ ရှိပေမယ့် အများစုကတော့ ကမ်းလှမ်းမှုကို ပယ်ချပြီး ဖိနှိပ်မှုတွေကြားကပဲ CDM လှုပ်ရှားမှုမှာ ခက်ခက်ခဲခဲ ဆက်လက်ပါဝင်နေပါတယ်။
2022-07-14
အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာစစ်တပ်ကို လက်နက်တင်ပို့မှု ပိတ်ဆို့ဖို့ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Justice For Myanmar အဖွဲ့က တောင်းဆိုလိုက်ပါတယ်။ Sandeep Metalcraft လို့ခေါ်တဲ့ အိန္ဒိယအခြေစိုက် လေကြောင်းနဲ့ကာကွယ်ရေးသုံး သတ္တုအစိတ်အပိုင်းကုမ္ပဏီကနေ မြန်မာစစ်တပ်ကို စနက်တံဖျူးစ် (fuzes) တွေ ထောက်ပံ့နေတယ်လို့ Justice For Myanmar က ဇူလိုင် ၁၅ ရက် (ဒီကနေ့) အစီရင်ခံစာ ထုတ်ပြန်လိုက်တာပါ။
2022-07-14
ရုရှားနိုင်ငံပိုင် အာကာသကော်ပိုရေးရှင်း Roscosmos ရဲ့ ညွှန်ကြားရေးမှူးချုပ်နဲ့လည်း တွေ့ဆုံခဲ့ပြီး သိပ္ပံနဲ့နည်းပညာ၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြကြောင်း၊ အလားတူ ရုရှားရဲ့ အဓိကနိုင်ငံပိုင်လက်နက်ပစ္စည်းတင်ပို့ရေးအဖွဲ့အစည်းဖြစ်တဲ့၊ Rosoboronexport ရဲ့ အမှုဆောင်အရာရှိချုပ်နဲ့ တွေ့ဆုံခဲ့ကြောင်းလည်း စပိန်အခြေစိုက် EFE သတင်းစာက ဖော်ပြပါတယ်။
2022-07-14
နိုင်ငံတကာသတင်းတွေမှာတော့ ဗြိတိန်သံရုံးယာယီတာဝန်ခံကို မြန်မာစစ်ကောင်စီက ဖိအားပေးနှင်ထုတ်လိုက်တာဖြစ်ကြောင်းနဲ့ အခုလို ဆောင်ရွက်မှုကြောင့် အနောက်နိုင်ငံတွေနဲ့ သံတမန်ဆက်ဆံရေးမှာ စစ်ကောင်စီဟာ ပိုမိုအထီးကျန် ဝိုင်းပယ်ခံရမှာဖြစ်ကြောင်း ဝေဖန်ရေးသားနေကြပါတယ်။
2022-07-14
အာဆီယံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ခန့်အပ်ဖို့ လျာထားခံရတဲ့ သံအမတ်လောင်း ယိုဟ်နင်း အေဘရာဟမ်က မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ဆိုရင် မြန်မာစစ်ခေါင်းဆောင်တွေရဲ့ စဉ်းစားတွေးခေါ်ပုံ ပြောင်းလဲလာအောင် ကြိုးစားဖို့လိုတယ်လို့ ပြောပါတယ်။
2022-07-14
အစိုးရကို မဖျက်ဆီးရ၊ အစားမထိုးရ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ငြိမ်းချမ်းရေးဆွေးနွေးမှုရဲ့ အခြေခံမူအဖြစ် ထားရှိရမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ တစ်ဖက်သတ် အသာစီးယူထားတဲ့ တွေ့ဆုံဆွေးနွေးရေးမူဝါဒ ကို အတိုက်အခံအင်အားစုတွေနဲ့ နိုင်ငံရေးအကဲခတ်တွေက လက်မခံဘဲ ထောက်ပြဝေဖန်ပါတယ်။