သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-07-08
နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက်က Wisdom Hill မူကြိုကျောင်းသူ ကလေးငယ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတဲ့အမှုနဲ့ ပတ်သက်လို့ အမှန်တရားပေါ်ပေါက်ရေးနဲ့ တရားမျှတရေးအတွက် ဒီနေ့မနက်က မန္တလေးနဲ့ စစ်ကိုင်းမြို့မှာ လူထောင်ပေါင်းများစွာ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
2019-07-08
တပ်မတော်က အပစ်ရပ်စဲထားတဲ့ ရှမ်းပြည်နယ် မှာ အစိုးရတပ်မတော်နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တို့ ဇူလိုင် ၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
2019-07-07
ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာတစ်ခုအဖြစ် UNESCO အဖွဲ့က သတ်မှတ်လိုက်တဲ့ ပုဂံဒေသမှာ ရှေးဟောင်း အမွေအနှစ်တွေကို ထိခိုက်နိုင်ခြေရှိတဲ့ ဟိုတယ်ဆောက်လုပ်ရေး လုပ်ငန်းတွေ ရှိနေပါတယ်။
2019-07-07
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ တန်းတင်ကျေးရွာအုပ်စု၊ ဓာတ်တော်ရွာမှာနေထိုင်တဲ့ ရခိုင်တပ်တော် AA က ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခရဲ့ ယောက်ဖတော်စပ်သူ ဦးမောင်ဖြူသန်းနဲ့ ရွာသားတစ်ဦးကို တပ်မတော်က မနေ့ညနေပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာနတွေက ရေးသားနေကြပါတယ်။
2019-07-05
၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေကို အာဏာသိမ်း စစ်အစိုးရက အကြမ်းဖက်ချေမှုန်းလို့ အမြောက်အမြား သေဆုံးခဲ့ရမှုအတွက် အမှတ်တရအခမ်းအနားကို ရန်ကုန်မြို့ ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခမ်းမမှာ သောကြာနေ့ မနေ့က ကျင်းပခဲ့ပါတယ်။
2019-07-05
မြန်မာ့တပ်မတော်ရဲ့အပစ်ရပ်ကြေညာတဲ့ဒေသထဲမှာ ရခိုင်ပြည်နယ်တည်ရှိတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုလည်း ထည့်သွင်းပေးဖို့နဲ့ AA အဖွဲ့နဲ့ပတ်သက်တယ်ဆိုတဲ့ သံသယတွေနဲ့ဖမ်းဆီး စစ်ဆေးတဲ့အခါ နှိပ်စက်ညှဉ်းပန်းတဲ့ ဥပဒေမဲ့လုပ်ရပ်တွေကိုရပ်ပြီး နှိပ်စက်သူတွေကို အရေးယူဖို့ လိုအပ်တယ်လို့ ANP ရခိုင်အမျိုးသားပါတီကတောင်းဆိုလိုက်ပါတယ်။
2019-07-05
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အစိုးရကအင်တာနက်ပိတ်ပြီး ၁၅ ရက်အကြာ ဒီကနေ့မှာ မြန်မာ့တပ်မတော်က ရသေ့တောင်မြို့နယ် အမြက်တောင်ရွာကို နယ်မြေရှင်းလင်းရေးဝင်လုပ်ရင်း ရွာကိုမီးရှို့သွားတယ်လို့ ဒေသခံရွာသားတွေက ပြောကြပါတယ်။
2019-07-05
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် စင်္ဘောကိုင်းကျေးရွာမှာရှိတဲ့ စစ်ဘေးရှောင်ကယ်ဆယ်ရေး စခန်းဟာ မြစ်ညာရေပြည့်လျှံလာတာကြောင့် ကုန်းပေါ်ကိုအရေးပေါ်နေရာပြောင်းရွှေ့နေရပါတယ်။
2019-07-04
နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC အနေနဲ့ မြန်မာပြည်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာမွတ်စလင်တွေ အပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ပြစ်မှုတွေ ကျူးလွန်ခဲ့မှု အတွက် တရားဝင် စတင်စုံစမ်းစစ်ဆေးခွင့်ပြုဖို့ ICC ရှေ့နေ Fatou Bensouda က တရားရုံးမှာ ကြာသပတေးနေ့ မနေ့က အမှုဖွင့် လျှောက်ထားလိုက်ပါတယ်။
2019-07-04
နေပြည်တော် Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းက အသက် ၂ နှစ်နဲ့ ၁၁ လအရွယ် ကလေးငယ် လိင်အကြမ်းဖက်ခံရမှုရဲ့ သံသယတရားခံအဖြစ် မူကြိုကျောင်းကြီးကြပ်ရေးမှူးရဲ့ ယာဉ်မောင်း အောင်ကြီး (ခ) အောင်ကျော်မျိုးကို ဖမ်းဆီးလိုက်ပြီး နေပြည်တော်ထောင်ချုပ်ကို ပို့လိုက်ပြီလို့ ဒက္ခိဏခရိုင် ဒုတိယ တရားသူကြီး ဦးညိုဌေး က RFA ကို ပြောပါတယ်။
2019-07-04
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရခိုင့်တပ်တော် နှစ်ဘက်လုံးက စစ်ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ အသွင် ရောက်နေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စယန်ဟီးလီက ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့က ၄၁ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ပြောဆိုခဲ့ပြီး မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး ICC ကို တင်ဖို့ တိုက်တွန်းခဲ့ပါတယ်။
2019-07-04
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ စစ်ဘေးသင့်ဒုက္ခသည်တွေအတွက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ ICRC က အကူအညီပေးဖို့သွားရောက်ရာမှာ တားဆီးခံခဲ့ရတယ်လို့ ICRC အဖွဲ့က အတည်ပြုပြောပါတယ်။
2019-07-04
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ထဲမှာ ဇူလိုင်လ ၃ ရက် မနေ့က တပ်မတော်နဲ့ AA တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်ဒဏ်ရာတွေရကြသလို ဒေသခံ ၂၀၀ ကျော်လည်း ဘေးလွတ်ရာထွက်ပြေးနေကြရပါတယ်။
2019-07-04
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် တပ်မတော်နဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့အရေးယူဖို့၊ မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံးချုပ် ICJ မှာ တရားစွဲဖို့အတွက် တခြားနိုင် ငံတွေကို တိုက်တွန်းပေးဖို့ကို အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ၊ အရှေ့တောင် အာရှရေးရာ ညွန်ကြားရေးမှူးကို မြန်မာရိုဟင်ဂျာများအသင်းက မနေ့ကတွေ့ဆုံ တောင်းဆိုခဲ့တယ် လို့ သိရပါတယ်။
2019-07-04
ပြီးခဲ့တဲ့ အင်္ဂါနေ့က ဆွစ်ဇလန်နိုင်ငံ ဂျီနီဗာမြို့မှာကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး မှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီက မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖေါက်မှုများကို ထောက်ပြပြီး၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး ICC ကို တင်ဖို့ တိုက်တွန်းခဲ့ပါတယ်။