နှိပ်စက်သူတွေကိုအရေးယူဖို့ အစိုးရကို ANP တောင်းဆို/ အင်တာနက်ဖြတ်ထားဦးမယ်လို့ သမ္မတရုံး ပြော


2019.07.05
rakhine-police-622.jpg ရခိုင်ပြည်နယ်မှာ လုံခြုံရေးယူနေတဲ့ ရဲတပ်သားတချို့ကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

မြန်မာ့တပ်မတော်ရဲ့အပစ်ရပ်ကြေညာတဲ့ဒေသထဲမှာ ရခိုင်ပြည်နယ်တည်ရှိတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုလည်း ထည့်သွင်းပေးဖို့နဲ့  AA အဖွဲ့နဲ့ပတ်သက်တယ်ဆိုတဲ့ သံသယ တွေနဲ့ဖမ်းဆီး စစ်ဆေးတဲ့အခါ နှိပ်စက်ညှဉ်းပန်းတဲ့ ဥပဒေမဲ့လုပ်ရပ်တွေကိုရပ်ပြီး နှိပ်စက်သူတွေကို အရေးယူဖို့ လိုအပ်တယ်လို့ ANP ရခိုင်အမျိုးသားပါတီကတောင်းဆိုလိုက်ပါတယ်။

သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကတော့ AA အဖွဲ့အနေနဲ့ဆွေးနွေးပွဲတက်လာပြီး နှစ်ဖက်အပစ်ရပ်သဘောတူ စာချုပ်ချုပ်ရင် ရခိုင်ပြည်နယ်က စစ်ပွဲတွေ ရပ်မှာဖြစ်တယ်။ အင်တာနက်ဖြတ်ထားတာကိုလည်း အကန့်အသတ် မရှိထားဦးမယ်လို့ ဇူလိုင်လ ၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။