သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-05-08
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ မြန်မာ့တပ်မတော် စစ်ကြောင်းတစ်ကြောင်း ဒီနေ့မေလ ၈ ရက်မနက်က တိုက်ခိုက်ခံရသလို၊ ကျောက်တော်မြို့နယ်မှာ မြန်မာ့တပ်မတော်ကို AA အဖွဲ့က မနေ့ကကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ နှစ်ဖက်အဖွဲ့အစည်းက ပြောပါတယ်။
2019-05-08
မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာမွတ်စလင်ဒုက္ခသည်တွေ နေရပ်ပြန်ရေး လုပ်ဆောင်နေပေမယ့် ဒုက္ခသည်တွေကတော့ သူတို့ရဲ့တောင်းဆိုချက်တွေ မရမချင်း နေရပ်ပြန်ရေးကိစ္စ မဖြစ်နိုင်သေးဘူးလို့ ပြောနေပါတယ်။
2019-05-07
နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ထောင်ဒဏ်၇နှစ်ချမှတ်ခံရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ မနေ့က သမ္မတရဲ့ခြွင်းချက်မရှိ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်လာသူ ၆၅ဝဝ မှာ ပါဝင်ပြီး သူတို့လွတ်မြောက်လာတာအတွက် အပြည်ပြည်ဆိုင်ရာက ဝမ်းမြောက်ဝမ်းသာ ချီးကျူးကြိုဆိုကြပါတယ်။
2019-05-07
ရခိုင်ပြည်နယ်က စစ်ပွဲတွေနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေမှာ အခုချိန်ထိ အသံကျယ်ကျယ်လောင်လောင် ဆွေးနွေးကြတာ၊ အပစ်အခတ်ရပ်ဖို့ တိုက်တွန်းတာ၊ စစ်ပြေးဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ဖို့ဆိုတာတွေ မကြားရပါဘူး။
2019-05-06
AA ရက္ခိုင့်တပ်မတော်နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးထားတဲ့ ကျောက်တန်းရွာသားတွေထဲက အပြစ်မရှိသူတွေကို အမြန်ဆုံးလွှတ်ပေးဖို့ စစ်တွေနဲ့ ရသေ့တောင်က ဆရာတော်ကြီး ခုနှစ်ပါးက တပ်မတော်တာဝန်ရှိသူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။
2019-05-06
သြင်္ကန်မှာ သံချပ်ထိုးဖျော်ဖြေခဲ့တဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေထဲက မဆုရတနာမြင့်နဲ့ ကိုချစ်ယုံတို့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) နဲ့ ထပ်မံတရားစွဲလိုက်ပါတယ်။
2019-05-05
မြန်မာပြည်မှာ ဆင်းရဲသူရော ချမ်းသာသူတွေပါ အဟာရချို့တဲ့နေကြပါတယ်။ ကမ္ဘာနဲ့ အလှမ်းကွာခဲ့တဲ့ အကျိုးဆက်တွေကို ဦးခင်မောင်စိုးက ရိုက်တာ သတင်းဌာနက သင်းလဲ့ဝင်း ရဲ့ ဆောင်းပါး နှစ်ပုဒ်အပေါ် အခြေခံပြီး တင်ပြထားပါတယ်။
2019-05-04
ဒီနေ့ ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားကို မြန်မာနိုင်ငံမှာ ကျင်းပခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်အဆင့်အတန်းဟာ ကျဆင်းနေတုန်းပဲလို့ သတင်းမီဒီယာသမားတွေနဲ့ စာနယ်ဇင်းသမားတွေက ပြောကြပါတယ်။
2019-05-03
ရသေ့တောင်မြို့နယ် ကျောက်တန်းရွာ အထကကျောင်းဝန်းအတွင်းမှာ ရွာသား ၂၇၅ဦးကို တပ်မတော်က ဖမ်းဆီးပြီး AA တပ်ဖွဲ့ဝင်တွေ ပါမပါ စစ်ဆေးနေချိန်မှာ သေနတ်လုဖို့ ကြိုးစားတယ်ဆိုပြီး တပ်မတော်ဘက်က ပစ်ခတ်ခဲ့တာကြောင့် အဖမ်းခံနေရသူ ခြောက်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
2019-05-03
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းရွာမှာ AA အဖွဲ့နဲ့ပတ်သက်တယ်ဆိုတယ်ဆိုပြီး ဖမ်းဆီးစစ်ဆေးခံနေရသူတွေကို တပ်မတော်က ကြာသပတေးနေ့က ပစ်ခတ်ခဲ့တဲ့အခြေအနေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ချက်တွေဟာ ကွဲလွဲနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့သူတွေက ပြောပါတယ်။
2019-05-03
ကျောက်တန်းရွာမှာ ဖမ်းထားတဲ့သူတွေထဲက ၁၂၆ ယောက်လွှတ်ပေးလိုက်ပြီး၊ ကျန်တဲ့သူတွေကို ဥပဒေအတိုင်းအရေးယူမယ်လို့ တပ်မတော်ရဲ့သတင်းစာရှင်းလင်းပွဲမှာပြောသွားတာနဲ့ ပတ်သက်လို့ AA အဖွဲ့က ဘယ်လိုပြောလဲဆိုတာ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။
2019-05-02
ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးကပ်မြို့မှာ မေလ ၃ ရက် ဒီကနေ့ညနေပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဆရာတော်ဦးဝီရသူရဲ့တရားပွဲကို ဖျက်လိုက်ပါတယ်။
2019-05-02
ရခိုင်ပြည်နယ် ရသေ့တောင် ကျောက်တန်းရွာနဲ့ မြောက်ဦးမြို့နယ် လက္ကာရွာက အရပ်သားတချို့ တပ်မတော်ရဲ့ ဖမ်းဆီးစစ်ဆေးခံရစဉ်မှာ ပစ်ခတ်ခံရပြီး သေဆုံးရတဲ့အပေါ် ပြည်တွင်းပြည်ပ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ဥပဒေပညာရှင်တွေက ပြစ်တင်ရှုတ်ချလိုက်ကြပါတယ်။
2019-05-02
ဧပြီလ၂၉ရက်နေ့က မြိတ်မြို့မှာ ကျင်းပတဲ့ ၂ဝဝ၈ အခြေခံဖွဲ့စည်းပုံပါ ၅၉(စ) မပြင်ဆင်ရေးဟောပြောပွဲက မန္တလေးမစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူရဲ့ ဟောပြောချက်တွေအပေါ် ဝေဖန်မှုတွေရှိနေပါတယ်။
2019-05-02
လာမယ့် မေလ တတိယအပတ်မှာ ပြုလုပ်မယ့် အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ် လေးဖွဲ့ တေ့ွဆုံပွဲမှာ လက်နက်ကိုင်အဖွဲ့ လေးဖွဲ့ ပေးလိုက်တဲ့ ပဏာမပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘာတူစာချုပ် မူကြမ်းအဆိုပြုချက်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးနိုင်ခြေရှိတယ်လို့ သိရပါတယ်။