သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-09-03
ဒီလိုရေတွေဝင်လာတာကြောင့် နဂိုကတည်းက သဲဆန်တဲ့မြေလွှာရှိတဲ့ ပုဂံက မြေနိမ့်ပိုင်းမှာရှိတဲ့ ရှေးဟောင်းအမွေအနှစ်ဘုရားတွေရဲ့ Foundation အခြေခံတွေပျက်စီးသွားတာ၊ ရေနဲ့အတူပါလာတဲ့ အင်းဆက်ပိုးမွှားတွေရဲ့ ဖျက်ဆီးမှုခံရတာလိုမျိုး အန္တရာယ်တွေ ကြုံလာရနိုင်ပါတယ်။
2023-09-03
စစ်ကောင်စီတပ်က တပ်စွဲအထိုင်ချထားတဲ့ စခန်းလေးခုကို တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့တွေက သိမ်းယူခဲ့ပါတယ်။
2023-09-02
စစ်တပ်က အာဏာသိမ်းပြီးကတည်းက တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဒီဒေသမှာ နေအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်းကျော် ရှိနေပြီး၊ သူတို့ နေရပ်ပြန်ဖို့ကြိုးစားတဲ့အခါမှာ မြန်မာစစ်တပ်က ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေရဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတာပါ။
2023-09-02
စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်သူတစ်ရပ်လုံး အုံကြွမှုကနေ ပေါ်ပေါက်လာခဲ့တဲ့ နွေဦးတော်လှန်ရေး နှစ်နှစ်ကျော်ကြာမြင့်လာချိန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ အင်အားနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အင်အားနဲ့ နယ်မြေထိန်းချုပ်မှု အခြေအနေတွေ ဘယ်လိုရှိပါသလဲ။
2023-09-02
ကွတ်ခိုင်မြို့နယ် ဆိုင်ခေါင်ရွာ၊ ခိုမုန်းရွာ နဲ့ လွယ်နောတောင် စတဲ့နေရာလေးခုမှာ စစ်ကောင်စီတပ်နဲ့ (TNLA) တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
2023-09-01
မြန်မာနိုင်ငံမှာ အစောဆုံး၊ ယဥ်ကျေးမှုလက်ရာအမြောက်ဆုံး၊ ယဥ်ကျေးမှုအနုပညာလက်ရာအဆင့်အတန်း အမြင့်မားဆုံး မြို့ပြနိုင်ငံအဖြစ် ၁၁ ရာစုမှာတည်ခဲ့တဲ့ ပုဂံပြီးရင် အင်းဝမြို့ဟာ ဒုတိယအရေးအကြီးဆုံး ရှေးဟောင်းအမွေအနှစ်၊ အနုပညာလက်ရာနဲ့ သမိုင်းကြောင်းတွေရှိတဲ့ မြို့ပါ။
2023-09-01
ကျန်းမာရေးဝန်ထမ်းတွေရဲ့ ဝင်ငွေခွန်ကို နှစ်ရာခိုင်နှုန်း ကောက်ခံမယ်လို့ အမိန့်ထုတ်လိုက်တာကြောင့် ဆေးကုသစရိတ် ပိုကြီးလာနိုင်တယ်လို့ ပြောကြပါတယ်။
2023-09-01
ကမ္ဘာမှာ အရည်အသွေးအကောင်းဆုံးကျောက်စိမ်းထွက်တဲ့ဖားကန့်မှာ မြေပြိုလို့ သေဆုံးတဲ့သူ ခြောက်နှစ်အတွင်း ခြောက်ရာလောက်ရှိခဲ့ပါတယ်။
2023-08-31
စစ်ရေးလေ့ကျင့်မှုတွေဟာ မြန်မာပြည်သူတွေအပေါ် တိုက်ခိုက်၊ သတ်ဖြတ်၊ အကြမ်းဖက် စစ်ဆင်ရေးတွေ လုပ်နေတဲ့ စစ်အုပ်စုကို ပိုမိုကောင်းမွန်တဲ့ စစ်ရေးစွမ်းရည်တွေပေးအပ်မှာဖြစ်တဲ့အတွက် ကန့်ကွက်ရှုတ်ချကြောင်း Justice for Myanmar က ကြေညာပါတယ်။
2023-08-31
တရုတ်အစိုးရက အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို မြန်မာနိုင်ငံနဲ့ ပူးပေါင်းနှိမ်နင်းနိုင်ဖို့ ကြိုးစားနေတယ်လို့ South China Morning Post က ဖော်ပြပါတယ်။
2023-08-31
စစ်အာဏာသိမ်း နှစ်နှစ်ခွဲကျော်အတွင်း KNU တပ်မဟာ (၃) နယ်မြေမှာ တိုက်ပွဲပေါင်း ၁၁၄၃ ကြိမ်ဖြစ်ခဲ့ပြီး အရပ်သား ၁၇၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
2023-08-30
ဆွီဒင်အခြေစိုက် H&M ကုမ္ပဏီ ထွက်ခွာသွားတဲ့နောက် အခြားလုပ်ငန်းတွေလည်း မြန်မာနိုင်ငံကနေ ထွက်ခွာနိုင်တဲ့အတွက် အလုပ်အကိုင်ဆုံးရှုံးမှုတွေ ပိုဆိုးလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းပါတယ်။
2023-08-30
စစ်တပ်က အခုဩဂုတ်လ ၂၀ ရက် နောက်ပိုင်းမှာ လက်ခတ်တောင်ပေါ်က KNLA ပူးပေါင်းမဟာမိတ်တပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်တာမျိုးမရှိဘဲ စစ်ရေးပြင်ဆင်နေတာမျိုးပဲရှိတယ်လို့လည်း ဆိုပါတယ်။
2023-08-30
ဩဂုတ်လ ၃၀ ရက် ဒီနေ့ဟာ “ပျောက်ဆုံးသူများဆိုင်ရာ နိုင်ငံတကာနေ့” ဖြစ်ပါတယ်။
2023-08-30
စစ်တပ်က လေကြောင်းနဲ့ပါ လာရောက်ပစ်ခတ်ခဲ့တာကြောင့် ရွာလေးရွာက ဒေသခံတွေ နီးစပ်ရာဘုန်းတော်ကြီးကျောင်းနဲ့ မူဆယ်၊ နမ့်ခမ်းဘက်ကို ထွက်ပြေးနေရပါတယ်။