သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-03-23
စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဒီရက်ပိုင်းတွေအတွင်း ရပ်ကွက်၊ လမ်းတွေထဲအလိုက် သေနတ်တွေနဲ့ နေ့စဉ် ပစ်ခတ်သတ်ဖြတ်နေတာကြောင့် ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးမြို့တွေမှာ အခြေချပြီးအလုပ် လုပ်ကိုင်နေကြသူတွေဟာ အခုရက်ပိုင်းတွေမှာ နယ်ဒေသတွေကို အလုံးအရင်းနဲ့ ပြန်နေကြပါတယ်။
2021-03-19
နာမည်ကျော် MUP မွန်ညီညွတ်ရေးပါတီခေါင်းဆောင် နှစ်ဦးက လက်ရှိအာဏာသိမ်း စစ်ကောင်စီမှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် မွန်တိုင်းရင်းသားတွေအတွင်း ဝေဖန် မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာနေပါတယ်။
2021-03-19
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံးကို အကြမ်းဖက်အဖွဲ့မှဖြစ်စေ၊ မတရားအသင်းမှဖြစ်စေ ပယ်ဖျက်လိုက်ကြောင်း မတ်လ ၁၇ ရက်နေ့က ကြေညာခဲ့ပါတယ်။ ဒါဟာ ဖယ်ဒရယ်ပြည်ထောင်စုတပ်မတော် ပေါ်ပေါက်ရေးအတွက် လမ်းစဖြစ်လာတယ်လို့ ရှုမြင်သူတွေရှိသလို တိုင်းရင်းသားတချို့ကတော့ CRPH အနေနဲ့ ဘယ်လောက်တာဝန်ခံမှုရှိမလဲလို့ သိချင်နေကြပါတယ်။
2021-03-17
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးတွေရဲ့ ထုတ်ပြန်ချက်မှာ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတွေ အမြန်ဆုံးရပ်ဆိုင်းဖို့၊ လုယက်ဖျက်ဆီးမှုတွေကို ကာကွယ်ပေးဖို့၊ မျိုးဆက်သစ်လူငယ်တွေရဲ့ အနာဂတ်ကို ထည့်သွင်းစဉ်းစားဖို့၊ ကိုးကွယ်သည့်ဘာသာနဲ့ ယဉ်ကျေးမှုဂုဏ်သိက္ခာကျဆင်းစေမယ့် လုပ်ရပ်တွေကို ရှောင်ကြဉ်ဖို့နဲ့ တွေ့ဆုံညှိနှိုင်း အဖြေရှာကြဖို့ မေတ္တာရပ်ခံထားပါတယ်။
2021-03-17
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြပြည်သူတွေကို အင်အားသုံးနှိမ်နှင်းနေတဲ့ အခြေအနေတွေဟာ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေကို နယ်မြေရှင်းလင်းရေး လုပ်ပြီး နှိမ်နှင်းခဲ့သလို ပြင်းထန် လုပ်ရပ်ဖြစ်တယ်လို့ ပြည်ပက လေ့လာစောင့်ကြည့်သူ တစ်ဦးက ပြောပါတယ်။
2021-03-16
မြန်မာနိုင်ငံမှာ ရန်ကုန်တိုင်းအတွင်းက မြို့နယ် ခြောက်မြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ထုတ်ပြန်လိုက်ပြီး မြို့နယ်တွေ တစ်ခုပြီး တစ်ခုတိုးပြီး မာရှယ်လော သတ်မှတ်လာနေတာပါ။ လေ့လာသူတချို့ကတော့ စစ်အုပ်ချုပ်ရေး ကြေညာတာဟာ တရုတ်က ဖိအားပေးတာ ကြောင့်လို့ ပြောကြပါတယ်။
2021-03-15
စစ်ရေးပဋိပက္ခတွေ ပြင်းထန်ခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မပေါက်ကွဲသေးတဲ့ မိုင်းနဲ့ စစ်ကျန် လက်နက် ပစ္စည်းတွေရဲ့ အန္တရာယ် အသိပညာပေးမှုတွေနဲ့ ရှင်းလင်းတာတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ လိုအပ် နေတယ်လို့ ဒေသခံတွေက ထောက်ပြကြပါတယ်။
2021-03-13
ဒီရက်ပိုင်းအတွင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆောင်ရွက်ကြရာမှာ ညပိုင်း လုပ်တဲ့ သပိတ်တွေကို ပိုပြီး အရှိန်မြှင့်လာပါတယ်။ သပိတ်ပုံစံကို ဘာကြောင့် ညဘက်ကို ပြောင်းလဲလိုက်တာလဲ။ ညသပိတ်တွေကို ဘယ်လောက်အထိ ဆက်လုပ်သွားမှာပါလဲ။
2021-03-11
အာဏာသိမ်း စစ်ကောင်စီက လော်ဘီအဖြစ် ဌားရမ်းထားတဲ့ အစ္စရေးသူလျှို လုပ်ဖူးသူရဲ့ သမိုင်းကြောင်း တစေ့တစောင်းနဲ့ သူ့အမှုသည် တဦးဟာ ရာဇဝတ်မှု ကျူးလွန်သူဖြစ်တဲ့အကြောင်း တင်ပြထားပါတယ်။
2021-03-10
စစ်အုပ်ချုပ်မှုအောက် နေလာခဲ့ရပြီး ဒီမိုကရေစီ အရိပ်အယောင်လေး ခဏမြင်ရတဲ့ မြန်မာနိုင်ငံ စစ်အာဏာ တကျော့ပြန် သိမ်းခံရရုံမက အကြမ်းဖက်မှုပါ ကြုံရတဲ့ အတွက် မုသားနဲ့ အကြမ်းဖက်မှု ဒွန်တွဲနေတဲ့အကြောင်း တင်ပြထားပါတယ်။
2021-03-09
စစ်အာဏာသိမ်းလည်းသိမ်း၊ သိမ်းတာကို မကျေနပ်လို့ ကန့်ကွက်ဆန္ဒပြသူတွေကို လူပါသေတဲ့အထိပစ်ခတ်နှိမ်နင်း၊ အရပ်ထဲလည်း လှည့်လည်ပစ်ခတ်၊ ဖမ်းဆီးသွားတဲ့လူတွေကိုလည်း နှိပ်စက်ညှင်းပန်းလို့ သေတဲ့လူသေရတာမို့ မြန်မာနိုင်ငံမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ ပြည်ပလုပ်ငန်းကြီးတွေ ဖိအားအကြီးအကျယ်အပေးခံရပါတယ်။
2021-03-04
လက်ရှိဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ရဲတွေက ဥပဒေမဲ့ သတ်ဖြတ်မှုနေရချိန်မှာ သြဇာတိက္ကမကြီးမားတဲ့ ဆရာတော်ကြီးတွေ အနေနဲ့ မိမိတို့ရဲ့ ဒါယိကာ ဒါယိကာမတွေဖက်က ဝင်ရောက်ရပ်တည်ပြီး အာဏာသိမ်းစစ်အုပ်စုကို မိန့်ကြား တားမြစ်သင့်တယ်လို့ ပြည်သူတွေ နဲ့ ဆရာတော် အများအပြားက ရှုမြင်နေကြပါတယ်။
2021-03-04
ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြရုံသက်သက်နဲ့ လက်နက်မဲ့သူတွေ၊ အပြစ်မဲ့ပြည်သူတွေကို လက်ဖြောင့်သေနတ်သမားက ခေါင်းတည့်တည့်ပစ်၊ ကျည်အစစ်တွေ၊ လေယဉ်တွေပါ သုံးပြီး အကြမ်းဖက်ဖြိုခွင်းနေတဲ့ မြန်မာစစ်တပ်နဲ့ ကမ္ဘာ့ ၁၃ နိုင်ငံဟာ စစ်ရေးသင်တန်း ဒါမှမဟုတ် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နေတယ်လို့ Burma Campaign –UK ဗြိတိန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့က ဒီလ ၃ ရက်နေ့က ပြောကြားလိုက်ပါတယ်။
2021-02-28
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မနေ့က အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို စစ်တပ် နဲ့ ရဲက ကျည်ဆန်အစစ်တွေအပါအဝင် ရာဘာကျည်တွေ မျက်ရည်ယိုဗုံးတွေနဲ့ ရက်ရက်စက်စက် ပစ်ခတ်နှိမ်နှင်းခဲ့တာကြောင့် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့အတော် များများမှာ သေဆုံးသူ ၁၈ ဦး ထက်မနည်းရှိခဲ့ပြီး ဒဏ်ရာရသူ၊ ဖမ်းဆီးခံရသူတွေ အများအပြားရှိခဲ့ပါတယ်။
2021-02-28
မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုနောက်ကွယ်မှာ တရုတ်နိုင်ငံ ပါဝင်ပတ်သက် တဲ့အကြောင်းနဲ့ စစ်ခေါင်းဆောင်ရဲ့ ရည်မှန်းချက် ဖြစ်တယ်လို့ သုံးသပ်တဲ့ အကြောင်း အချက်အလက်တချို့ကို တင်ပြထားပါတယ်။