သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-12-16
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးဟာ အရပ်ဖက်အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ၊ ရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံးက အနုပညာရှင်တွေနဲ့တွေ့ဆုံပြီး ၂ဝ၁၅ ရွေးကောက်ပွဲပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။
2014-12-16
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဌဦးတင်အေးနဲ့ နိုင်ငံရေးပါတီတွေ ဒီနေ့ ရန်ကုန်မြို့ ပန်ဒါဟိုတယ်မှာ တွေ့ဆုံခဲ့ပါတယ်။
2014-12-16
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဝင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၃ ဦးဖြစ်တဲ့ လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူ နော်လှလှစိုး၊ ဦးဝင်းချို နဲ့ ဒေါက်တာအေးမင်းတို့ဟာ ဒီနေ့ ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်က Orchid Hotel မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2014-12-15
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ဝ ရက်နေ့က ကျရောက်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်မှာ လူ့အခွင့်အရေးပွဲတော်ကို မနေ့ညက စပြီး မနက်ဖြန် ဒီဇင်ဘာလ ၁၅ ရက်အထိ ၃ ရက်ကြာ ကျင်းပနေပါတယ်။
2014-12-14
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းဟာ ဒီနေ့ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်က ကနောင်ခန်းမ မှာ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်တွေ နဲ့ တွေ့ဆုံပြီး အလုပ်ရှင် အလုပ်သမားနှစ်ဖက်ကြား မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ညှိုနှိုင်းဆောင် ရွက်သွားဖို့ တိုက်တွန်းခဲ့ပါတယ်။
2014-12-12
တရုတ်ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် လူရှောက်ပိုရဲ့ ထောင်တွင်းက ပေးစာတစ်စောင် ဂျာမဏီနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။
2014-12-11
ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ၁၂ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ မနေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကနေ အတည်ပြုလိုက်ပါတယ်။ အဲ့ဒီလို ၁၂ ပွင့်ဆိုင်ဆိုတာဟာ အနှောက်အယှက်ပေးသလို ဖြစ်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
2014-12-11
ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို ၁၂ ပွင့်ဆိုင်အဖြစ်ပြောင်းလဲပေးဖို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ဒီကနေ့ လျှို့ဝှက်မဲပေးစနစ်နဲ့ မဲခွဲဆုံးဖြတ်ရာမှာ ၁၂ ပွင့်ဆိုင်အဖြစ် အစိုးရကိုတိုက်တွန်းဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
2014-12-11
ဒီကနေ့ဟာ ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ ( ၆၆ )နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနေ့ အခမ်းအနားတွေကို ရန်ကုန်မြို့နဲ့ မြို့ကြီးတွေမှာ ကျင်းပခဲ့ကြပါတယ်။
2014-12-10
ရခိုင်ပြည်နယ်အတွင်းက ထုတ်ယူသုံးစွဲနေတဲ့ သဘာဝသယံဇာတတွေကို ဒေသခံတွေ အကျိုးခံစား ခွင့်ရရှိနိုင်ရေး လှုပ်ရှားမှုတွေပြုလုပ်သွားဖို့ ချင်းပြည်နယ် ပလက်ဝမြို့အပါအဝင် ရခိုင်ပြည်နယ် ၁၇ မြို့နယ်က ကိုယ်စားလှယ်တွေ စစ်တွေမြို့မှာ ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။
2014-12-10
၆ ပွင့်ဆိုင်အစား ၁၂ ပွင့်ဆိုင် ဆွေးနွေးကြဖို့ တိုက်တွန်းချက်နဲ့ပတ်သက်ပြီး သဘောထား အမြင်တွေကို ဒေါ်ခင်ခင်အိက စုစည်းတင်ပြမှာပါ။
2014-12-09
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်အခြေ စိုက် အရပ်ဘက်အဖွဲ့အစည်း ၅ဝ ကျော်က ထားဝယ်ခရိုင်အတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့နဲ့ ဒေသခံတွေကိုကူညီနေတဲ့ ဗုဒ္ဓဘာသာရဟန်းတစ်ပါးနဲ့ ခရစ်ယာန်ဘုန်းတော် ကြီးတစ်ပါးကို "လူသားဆန်သောပုဂ္ဂိုလ်များဆု" ဒီနေ့ ပေးအပ်ဂုဏ်ပြုလိုက်ကြပါတယ်။
2014-12-09
မြန်မာနိုင်ငံမှာ ဒီနှစ်အတွင်း ဘိန်းထွက်ပမာဏ ၂၅ ရာခိုင်နှုန်း လျှော့ကျသွားတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုရုံး UNODC က ထုတ်ပြန်ပါတယ်။
2014-12-08
ရခိုင်ပြည်နယ် စစ်တွေမြို့တဝိုက်မှာ တပိုင်တနိုင်ရေ လုပ်ငန်းလုပ်ကိုင်နေကြတဲ့ ရေလုပ်သားတွေဟာ ကမ်းအနီးမှာ ငါးဖမ်းဖို့ ခက်ခဲလာနေတာကြောင့် စားဝတ်နေရေးပြဿနာတွေနဲ့ ရင်ဆိုင်နေကြ ရပါတယ်။
2014-12-08
လာမယ့် ဖေဖော်ဝါရီလ ၁၃ရက်နေ့မှာ ကျရောက်မယ့် ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်ကို ကြိုဆိုဂုဏ်ပြု တဲ့အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့ နယ် လေးထောင့်ကန်ကျေးရွာမှာ တနင်္ဂနွေနေ့ညက စာပေဟောပြောပွဲ ကျင်းပခဲ့ရာမှာ ကာတွန်း ဆရာ အော်ပီကျယ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် က ဒေါက်တာသိန်းလွင် တို့က ဟောပြောခဲ့ပါတယ်။