"လူသားဆန်သောပုဂ္ဂိုလ်များဆု"ရရှိခဲ့တဲ့ ပုဂ္ဂိုလ် ၂ ဦးအကြောင်း တင်ပြချက်


2014.12.09

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်း ၅ဝ ကျော်ကထားဝယ်ခရိုင်အတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့နဲ့ ဒေသခံတွေကိုကူညီနေတဲ့ ဗုဒ္ဓဘာသာရဟန်းတစ်ပါးနဲ့ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးကို "လူသားဆန်သောပုဂ္ဂိုလ်များဆု" ဒီနေ့ ပေးအပ်ဂုဏ်ပြုလိုက်ကြပါတယ်။

ဘာသာမတူပေမယ့် ဒေသခံတွေအရေးအတွက် လုပ်ငန်းတူလုပ်ကိုင်နေကြသူ ဆရာတော်နဲ့ ခရစ်ယာန်ဘုန်းကြီးအကြောင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦးက တင်ပြထားပါတယ်။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်မှာ သဘာဝတွင်းထွက် သယံဇာတထုတ်ယူနေကြတဲ့ နိုင်ငံတကာ နဲ့ ပြည်တွင်းကုမ္မဏီတွေ တော်တော်များများရှိနေပါတယ်၊ တွင်းထွက်သယံဇာတတွေ ထုတ်ယူရာမှာ ဒေသခံတွေ နဲ့ မြေပိုင်ဆိုင်မှှုအငြင်းပွားတာတွေရှိသလို သီးနှံပျက်စီးတာကြောင့် ဒုက္ခရောက်ရသူတွေလည်းရှိပါတယ်၊ ကုမ္မဏီထံက လျှော်ကြေးရသူတွေလည်းရှိသလို မယူပဲတင်းခံနေသူတွေလည်း တော်တော်များများ ရှိနေဆဲဖြစ် တဲ့အတွက် ကုမ္မဏီနဲ့ ကျေးရွာတော်တော်မျာများ ပြဿနာတွေကြားမှာ ဆရာတော်သီးပညာဒီပနဲ့ ခရစ်ယာန် ဘုန်းတော်ကြီး ဦသိန်းခင်တို့က ကူညီပေးနေကြတာဖြစ်ပါတယ်။

ဒီနေ့ ထားဝယ်အခြေစိုက် အရပ်ဘက် လူမှှုအဖွဲ့အစည်း ၅ဝ ကျော်က အများပြည်သူအကျိုးဆောင်ရွက်ပေးခဲ့တဲ့ ဆရာတော်နှစ်ပါးကို "ပထမဆုံးလူသားဆန်သောပုဂ္ဂိုလ်များ" ဆုကို ထားဝယ်မြို့ ဦးကျော်ရင်လမ်းရှိ ကတ်သရစ် ခရစ်ယာန် ဘုရားရှိခိုးကျောင်းမှာ အခမ်းအနားနဲ့ ပေးအပ်ဂုဏ်ပြုလိုက်တာဖြစ်ပါတယ်။

ဒီဆုပေးပွဲအခမ်းအနားကို ထားဝယ်အခြေစိုက် တာကပေါ ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ ထားဝယ်သူတေသန အဖွဲ့ Cndle Light မိတ်သဟာရအဖွဲ့၊ အညာဖျားဖွံ့ဖြိုးရေးအဖွဲ့ စတဲ့ အဖွဲ့အစည်း ၅ဝကျော်က အဖွဲ့ဝင်တွေ၊ ကရင် အမျိုးသားအစည်းအရုံး၊ KNU ဘိတ်ထားဝယ်ခရိုင် ဥက္ကဌ ဖဒို စောဖီးလယ် သတဲ့လူကုဂ္ဂိုလ်တွေ တက်ရောက်ဂုဏ်ပြု ခဲ့ကြပါတယ်။

ဆရာတော် ၂ ပါး အများအကျိုးအတွက် အနစ်နာခံပြီး ဆောင်ရွက်နေတဲ့ပဂ္ဂိုလ်တွေဖြစ်တာကြောင့် ဂုဏ်ပြုတာဖြစ် တယ်လို့ ကျန်းမာရေး၊ ပညာရေး ကူညီပေးနေတဲ့ တာကပေါအဖွဲ့ကနော်ပီသလောက ပြောပါတယ်။

နော်ပီသလော။           ။ရပ်ရွာလူမှှုအဖွဲ့အစည်းမှာဆိုလို့ရှိရင် ပြည်သူတွေခံစားနေရတဲ့ ဒီဒုက္ခတို့၊ အကြပ်အတည်း တို့ကိုပေါ့နော်၊ မားမားမတ်မတ် ရပ်တည်ပေးမဲ့သူကရှားတယ်ပေ့ါ မရှိဘူး၊ ဒီပုဂ္ဂိုလ် ၂ ပါးဆိုလို့ရှိရင် ဒီပြည်သူ အခက်အခဲ ကြုံလာတဲ့အခါမှာ သူတို့ကရှေ့ကနေပြီးတော့မှ မားမားမက်မက် ရပ်တည်ပေးတယ်ပေါ့၊ ဒါကြောင့် ကျမတို့က ရွေးချယ်ပြီးတော့ပေးတာပေါ့နော်။

ဆရာတော် ဦးပညာဒီပက ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ရေကာတာဆောက်နေရာမှာ ကလုံးထ ဆိုတဲ့ ကျေးရွာကို ရွေ့ပြောင်းခိုင်တာကို ရွာသားတွေဘက်ကနေ ကျေးရွာမပြောင်းရအောင် ဦးဆောင်ဆောင်ရွက် ခဲ့တဲ့ ရဟန်းဖြစ်ပါတယ်၊ ခရစ်ယာန် ဘုန်းကြီးဖြစ်တဲ့ ဖာသာ ဦးသိန်းခင်အား ထားဝယ်မြို့နယ်ထဲက ဆင်းရဲနွမ်းပါး တဲ့ ကရင်တိုင်းရင်းသားတွေကို ပညာသင်ပေးနေသလို ငြိမ်းချမ်းရေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေမှာပါ ပါဝင်လုပ်ကိုင်ပေးနေသူဖြစ်ပါတယ်။

ဆရာတော် ဦပညာဒီပက ထားဝယ်ဒေသမှာ စီမံကိန်းတွေ ကုမ္မဏီကြီးတွေ ဝင်လာတာကြောင့် ဒေသခံတွေ နဲ့ နေရာပိုင်ဆိုင်မှှုတွေ အငြင်းပွားဖွယ်ရာတွေ ဖြစ်လာနေတယ်လို့ RFA ကမေးမြန်းရာမှာ အခုလို မိန့်ပါတယ်။

ဆရာတော် ဦပညာဒီပ။            ။ပိုင်ဆိုင်မှှုတွေ နေရာဒေသတွေ ဘုန်းဘုန်းတို့ ရောက်ကတည်းက အကုန်လုံးပြည် သူလူထုအတွက် ကျဉ်းမြောင်းလှတာပေါ့၊ ကျဉ်းကျဉ်လေးကျန်တာတောင်မှလေ၊ သူတို့အဲ့ဒါ အကုန်လုံးအပိုင်ယူသွား မှာပေါ့၊ ကုမ္မဏီတွေရော လုပ်ပိုင်ခွင့်ရှိတဲ့လူတွေက အကုန်လုံးသူတို့ဆီကိုပဲ ယူသွားမှာပဲလေ၊ ပြည်သူလူထုထဲ က မြေယာဒေသတွေရော၊ ပိုင်ဆိုင်မှှုတွေရော အကုန်လုံး ကျဉ်းမြောင်းလာကြမှာပေါ့၊ အဲ့ဒါကို အခုလိုမြင်တယ် ၊ မြင်ပြီးတော့ ဒီရပ်ရွာလူထုဘက်ကနေ မားမားမက်မက် ရပ်တည်ပေးနေတော့ လုပ်ဆောင်ပေးနေတာပါ၊  သဘာဝပတ်ဝန်းကျင်က တော်တော်များများကို ပျက်စီးသွားနိုင်တယ်။

ဒီနေ့အခမ်းအနားမှာ တက်ရောက်ခဲ့တဲ့ ဖာသာဦးသိန်းခင်က သူတို့လက်ရှိလုပ်နေကြတဲ့ ဒေသခံတွေအကျိုးဆောင် လူမှှုရေးလုပ်ငန်းတွေအပြင် သူ့စိုးရိမ်ချက်က ကရင်တိုင်းရင်းသားတွေ ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်နေ တာတွေကို နည်းသွားအောင် လုပ်ဖို့လိုအပ်နေကြောင်း ပြောပါတယ်။

ဖာသာဦးသိန်းခင်။         ။တော်တန်လူငယ်တွေက ထိုင်းနိုင်ငံကို အတော်လေးသွားကြတယ်ဆိုတော့လေ၊ နောင် တစ်ချိန်အထိပေါ့ ဒီမှာလည်းပဲ အလုပ်လုပ်မဲ့သူတွေ ရှားလာတဲ့ပုံစံတွေ တွေ့ရတယ်လေ၊ အထူးသဖြင့်တောပိုင်း ကပေါ့ လူငယ်ဆိုလို့ရှိရင် နိုင်ငံခြားတွေ့လ့ိုရှိရင်သွားပြီ၊ ပညာရေးကို စိတ်မဝင်စားတော့ဘူး အဲ့ဒီ အဆင့်တွေ ရောက်လာပြီ၊ အဲ့ဒါ ဒီထက်ရှေ့ဆက်လို့ရှိရင် မြို့တွေကို အခုအချိန်ရောက်လို့ရှိရင် ပန်းရံတို့၊ လက်သမားတို့၊ ဝရိန်တို့ အဲ့လိုဟာမျိုးတွေဖြစ်သွားမယ်။

ဒီထားဝယ်ဒေသမှာ လူသားဆန်သောပုဂ္ဂိုလ်ဆုကို ပထမဆုံးအကြိမ်ပေးအပ်တာဖြစ်ပြီး နောက်ပိုင်းမှာလည်း အများအကျိုး သယ်ပိုးတဲ့လူတွေကို အရပ်ဘက်လူမှှုအဖွဲ့အစည်းတွေ စုပေါင်းပြီး ပေးအပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်ခင်ဗျား။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။