သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-10-15
တပ်မတော် အလင်းဝင်ပါ ဆိုတဲ့ စာသားအပါအဝင် စစ်ပွဲတွေရပ်တန့်ရေး မန္တလေးမြို့မှာ ဆန္ဒပြခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ကျောင်းသားတွေကို မန္တလေးက မြို့နယ်တရားရုံးလေးခုမှာ ပုဒ်မ ၁၄ ခုနဲ့ အမှုဖွင့်ခဲ့ပါတယ်။
2020-10-14
ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်တဲ့လူနာတွေကို ကုသရာမှာ သုံးစွဲနေတဲ့ ကမ္ဘာကျော် Remdesivir ဆေးကို မြန်မာနိုင်ငံမှာ စတင်အသုံးပြုနေပါပြီ။ ဘယ်လိုအခြေအနေမျိုး မှာ လူနာတွေကို ထိုးနှံပေးပါသလဲ။ ဘယ်လောက် တွင်တွင်ကျယ်ကျယ် သုံးစွဲနေပြီလဲ။
2020-10-14
မြန်မာနိုင်ငံဘက်ကလာတဲ့ ကုန်တင်ယာဉ်မောင်း သုံးဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံနေရကြောင်း တွေ့ရှိခဲ့ပြီးနောက် နယ်စပ်ကုန်စည်တွေကို သတ်မှတ်ထားတဲ့ဇုန်တွေ အထိပဲ တင်ပို့ဖို့ ထိုင်း-မြန်မာ နှစ်နိုင်ငံ သတ်မှတ်လိုက်ပါတယ်။
2020-10-13
ချင်းပြည်နယ်က ဒေသခံတချို့ဟာ ဒီမိုကရေစီစနစ်နဲ့ ရွေးချယ်တင်မြောက်ခဲ့တဲ့ အစိုးရတွေအပေါ်မှာ အားရကျေနပ်မှု နည်းနေတာကိုတွေ့ရပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပြည်နယ်အစိုးရအဖွဲ့ဟာ ဒေသခံတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်သူကို ချင်းတိုင်းရင်သားတွေက လိုလားနေကြပါတယ်။
2020-10-13
နိုင်ငံသားမဖြစ်သေးတဲ့ မိဘတွေက မွေးဖွားသူ ရွေးကောက်ခံပိုင်ခွင့်မရှိဘူး ဆိုတဲ့ ဥပဒေပါ တားမြစ်ချက်နဲ့ ငြိစွန်းလို့ဆိုပြီး လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်းတစ်ဦး နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း တစ်ဦးကို ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ဝင်ခွင့် ပယ်ဖျက်လိုက်ပါတယ်။
2020-10-13
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း တပ်မတော်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည် သုံးထောင့်ငါးရာကျော်ရှိလာပြီး သူတို့ထဲမှာ သက်ကြီး ရွယ်အိုနဲ့ ကလေးငယ်တွေ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတာကို တွေ့ရပါတယ်။
2020-10-13
မြန်မာနိုင်ငံမှာ လာမယ့် နိုဝင်ဘာလကျင်းပမယ့် ရွေးကောက်ပွဲအတွက် နိုင်ငံခြား ရောက် မြန်မာတွေကို ကြိုတင်မဲပေးခွင့်ပြုခဲ့ရာမှာ တောင်ကိုရီုးယားနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားတွေကတော့ အောက်တိုဘာလ ၂ ရက်ကနေ ၁၂ ရက် မနေ့က နောက်ဆုံးသတ်မှတ်ရက်အထိ မဲပေးခဲ့ကြပါတယ်။ အဆင်မပြေမှုတချို့ရှိခဲ့ပေမယ့် စုစုပေါင်း မဲပေးခွင့်ရှိသူ ၉၈ဝဝ ကျော်အနက် ၈ဝ ရာခိုင်နှုန်းခန့် လာရောက်မဲပေးခဲ့တယ်လို့ သိရပါတယ်။
2020-10-12
ဒေါပုံမြို့နယ်၊ နွယ်အေး စွန္နီဂျာမေဗလီ လူမှုရေးအသင်းအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ကပ်ဘေးကာလ ရန်ကုန်မြို့မှာရှိတဲ့ အသွားအလာ ကန့်သတ်စောင့် ကြည့်တဲ့ (ကွာရတင်းစင်တာ)တွေနဲ့ ဆေးရုံတွေ အပါအဝင် နေရာ ၇၅ ခုကို နေ့စဉ် ဟာလာလ် (Halal) အစားအစာ၊ သက်သက်လွတ်နဲ့ လူနာတွေရဲ့ တောင်းဆိုတဲ့အတိုင်း ချက်ပြုတ်ပြီး ပို့ဆောင် လှူဒါန်းနေပါတယ်။
2020-10-11
မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးနဲ့ မွန်ပြည်နယ် စည်ပင်ဝန်ကြီး ဦးမင်းကျော်လွင်တို့ဟာ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ရဲ့ ထိပ်တန်း အမတ်လောင်းတွေထဲမှာ ပါဝင်ပါတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းကလည်း ဒီမဲဆန္ဒနယ်ရဲ့ မဲအများဆုံး ရရှိခဲ့သူ သုံးဦးဟာ ရလဒ် မတိမ်းမယိမ်း ဖြစ်ခဲ့ပါတယ်။
2020-10-09
တပ်ပြေးနှစ်ဦးကို နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ရှိရာ The Hague မြို့သို့ ဘင်္ဂလားဒေ့ရှ်က တစ်ဆင့်ပို့ဆောင်တဲ့ သတင်းထွက်ပေါ်လာပြီးနောက်၊ ငါးရက်မြောက်မှာ မြန်မာနိုင်ငံက မောင်တောနယ်စပ်ကို အင်အားအလုံး အရင်းတိုးချထားလိုက်ပါတယ်။
2020-10-09
ပြည်တွင်းစစ်ဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ အမှန်တကယ် ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို မီးမောင်းထိုး ရိုက်ကူး တင်ဆက်ထားတဲ့ Free Burma Rangers မှတ်တမ်းရုပ်ရှင်ဟာ - New York ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဆု ရရှိထားပါတယ်။
2020-10-09
မွန်ပြည်နယ်မှာ ကလေးသူငယ်နဲ့ အမျိုးသမီး အကြမ်းဖက်ခံရမှုတွေ အရင်နှစ်တွေထက် ပိုများလာပြီး ကပ်ဘေးကာလအတွင်းမှာတော့ အများဆုံးဖြစ်တယ်လို့ ပြည်နယ်အခြေစိုက် “မိ” ကလေးသူငယ်နဲ့ အမျိုးသမီးအရေးအဖွဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။
2020-10-08
ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE ရဲ့ ၂၀၂၀ ရွေးကောက်ပွဲ အကြိုကာလ စစ်တမ်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ် လူထုထောက်ခံယုံကြည်မှုဟာ ပြီးခဲ့တဲ့နှစ်ကထက် တိုးလာနေတယ်ဆိုတာ ဖော်ပြထားပါတယ်။
2020-10-08
ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ရိုဟင်ဂျာ မွတ်စလင် ၁၃၀၀၀၀ ကျော်ကို အကျယ်ချုပ်ချသလို ကန့်သတ် မှုတွေလုပ်ထားတာ ရှစ်နှစ်ကြာပြီဖြစ်တာကြောင့် ဒီအခြေအနေကို အမြန်ဆုံး အဆုံးသတ်ပေးဖို့ နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က ဒီကနေ့ အစီရင်ခံစာထုတ်ပြန်ပြီး အစိုးရကို တိုက်တွန်း လိုက်ပါတယ်။
2020-10-08
ရန်ကုန်တိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်နိုင်ရေးအတွက် အိမ်ပြင်မထွက်ဖို့ တင်းကျပ်တဲ့အမိန့်တွေ ထုတ်ပြန် ထားပေမယ့် တစ်နေ့လုပ်တစ်နေ့စား အခြေခံလူတန်းစားတွေမှာ စားဝတ်နေရေးကျပ်တည်းနေကြရပါတယ်။