သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2025-03-15
ကင်မ်ဟာ မတ်လ ၁၅ ရက်နေ့မှာ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာရှိတဲ့ မြန်မာမိသားစုတွေနဲ့ မွန်းလွဲ ၁ နာရီကနေ ၄ နာရီအထိ တွေ့ဆုံပါတယ်။
2025-03-15
ကယားပြည်နယ်မှာ စစ်ဘေးဒုက္ခသည် နှစ်သိန်းခွဲကျော် ရှိတဲ့အထဲက လူဦးရေ တစ်သိန်းခွဲကျော်ဟာ နေ့စဥ်အကူအညီတွေ လိုအပ်နေတာကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီတွေကို မျှော်လင့်နေရတယ်လို့ ဆိုပါတယ်။
2025-03-14
ကမ္ဘာမှာ အာဖဂန်န္စစတန်က ဘိန်းထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်ခဲ့ရာကနေ အခုတော့ မြန်မာပြည်က ဘိန်းစိုက်ပျိုးထုတ်လုပ်တဲ့နံပါတ်တစ်နေရာရောက်နေပြီလို့ ကုလသမဂ္ဂပြောထားပါတယ်။
2025-03-14
လူငယ်တွေ ပြည်ပထွက်ခွာခွင့်ကို စစ်ကောင်စီက နည်းမျိုးစုံနဲ့ ကန့်သတ်ထားသလို ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေကိုလည်း ဖိအားပေးအရေးယူတာတွေ ဆက်တိုက်လုပ်နေတာကြောင့် အေဂျင်စီ ငါးရာခန့် လုပ်ငန်းတွေ ရပ်နားထားရပါတယ်။
2025-03-14
လှိုင်းဘွဲ့မြို့နယ်အတွင်း စစ်ကောင်စီရဲ့ ပူလူတူစခန်းကုန်းကို သိမ်းယူနိုင်ပြီလို့ KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒို စောကလယ်စေးက မတ်လ ၁၄ ရက် ဒီနေ့ RFA ကို အတည်ပြု ပြောပါတယ်။
2025-03-13
ရိုဟင်ဂျာတွေကို ရိက္ခာဖြတ်တောက်လိုက်ရင် အသက်သေဆုံးတဲ့အထိ ထိခိုက်လာနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ် UNICEF ကိုယ်စားလှယ်က ပြောထားပါတယ်။
2025-03-13
မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍမှာ ရုရှားရဲ့ ပူးပေါင်းဆောင်ရွက်မှုက နှစ်နိုင်ငံလုံးအတွက် ရေရှည်မှာ အကျိုးမရှိနိုင်ဘူးလို့ NUG က ပြောလိုက်ပါတယ်။
2025-03-13
၂၀၂၅ မတ်လဆန်းပိုင်းမှာ ခပ်စိပ်စိပ် ဖမ်းဆီးလာပြီး တစ်ရက်ကို အနည်းဆုံး မြန်မာ အယောက် သုံးဆယ်နီးပါး ဖမ်းဆီးခံရနိုင်တယ်လို့ ဆိုပါတယ်။
2025-03-13
ရန်ကုန်၊ စစ်ကိုင်း၊ မကွေးတိုင်းနဲ့ ကချင်၊ ကရင်၊ ရှမ်းပြည်နယ်တို့အပြင် ထိုင်းနိုင်ငံမှာပါ လူထုလှုပ်ရှားမှုတွေ လုပ်ပြီး တောင်းဆိုနေကြတာပါ။
2025-03-12
ထိုင်းနိုင်ငံကတစ်ဆင့် ပြန်ပို့လိုက်တဲ့ ၂၇၆၃ ဦးကတော့ တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယနဲ့ မလေးရှားနိုင်ငံသားတွေဖြစ်ပါတယ်။
2025-03-12
မြဝတီမြို့ဘက်ကနေဆင်းလာတဲ့ ကုန်ကား ရှစ်ရာခန့်ကို ဘားအံမြို့မှာ စစ်ကောင်စီရဲ့ တရားမဝင် ကုန်စည်တိုက်ဖျက်ရေးအဖွဲ့က ဖမ်းဆီးစစ်ဆေးနေပါတယ်။
2025-03-12
AA က ရခိုင်တစ်ပြည်နယ်လုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ်ပြီးနောက် နေရပ်ပြန်ဖို့ ကြိုးစားကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို စစ်ကောင်စီက ဆက်တိုက်ဖမ်းဆီးနေပါတယ်။
2025-03-12
မလေးရှားမှာ တရားမဝင်နေထိုင်လို့ အဖမ်းခံရတဲ့ မြန်မာတွေကို ဖမ်းပြီးပြန်ပို့နေတဲ့အတွက် စစ်မှုထမ်းထဲ အဓမ္မအပို့ခံရမှာ စိုးရိမ်နေကြပါတယ်။
2025-03-11
အိုင်စီစီထုတ်ထားတဲ့ ဖမ်းဝရမ်းကိုပေးအပ်ပြီး ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ကို ပို့လိုက်ပါတယ်။
2025-03-11
ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းထဲကို စစ်ကောင်စီတပ်က အခုနှစ်ဆန်းပိုင်းကစပြီး လေကြောင်း၊ လက်နက်ကြီးအပြင် ဒရုန်းနဲ့ပါ နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေပါတယ်။