သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-10-19
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာရှိတဲ့ အုန်းတောချေ မွတ်ဆလင်ဒုက္ခသည်စခန်းက နေအိမ် တဲတန်းလျားတွေမှာ အောက်တိုဘာလ ၁၈ ရက်နေ့ ည ၁၁ နာရီခွဲလောက်က မီးလောင်မှုဖြစ်ခဲ့တဲ့အတွက် လူ ခြောက်ဦး သေဆုံးသွားပါတယ်။
2018-10-19
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာလ ၁၉ ရက်နေ့မနက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို နေ့ချင်းပြန်ခရီး သွားရောက်ခဲ့ပါတယ်။
2018-10-18
ပြည်ပကို တရားမဝင် အလုပ်သွားလုပ်တဲ့အခါမှာ အစိုးရအဖွဲ့အစည်းတွေရဲ့ အဖမ်းဆီးကို ခံရတဲ့အပြင် လူကုန်ကူးခံရတာတွေလည်း ဖြစ်နေတဲ့အတွက် တရားဝင်လမ်းကြောင်းကနေသာ သွားရောက်ကြဖို့ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံက သံရုံးအရာရှိတွေနဲ့ အလုပ်သမား ကူညီရေးအဖွဲ့တွေက ပြောကြပါတယ်။
2018-10-18
Weekly Eleven ဂျာနယ်မှာဖော်ပြခဲ့တဲ့ ဆောင်းပါးနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့က အလဲဗင်းမီဒီယာ သတင်းသမားသုံးဦးကို တရားစွဲဆိုထားတာကို သတင်းမီဒီယာဥပဒေနဲ့ အညီဆောင်ရွက်ဖို့ နိုင်ငံတော်သမ္မတက ညွှန်ကြားလိုက်ပါတယ်။
2018-10-18
မြန်မာ့တပ်မတော်ဟာ စစ်ဆင်ရေးတစ်ခုအသွင်နဲ့ ရခိုင်ပြည်နယ်အတွင်းက လူပေါင်းများစွာကို သတ်ဖြတ်ခဲ့တယ်လို့ ဖော်ပြထားတဲ့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေစုံစမ်းရေးမစ်ရှင်အဖွဲ့ FFM ရဲ့ အစီရင်ခံစာကို မကြာခင် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆွေးနွေးတော့မှာဖြစ်ပါတယ်။
2018-10-18
လယ်ယာစိုက်ပျိုးရေးနိုင်ငံ အဆင့်မှာပဲ ရှိနေသေးတဲ့ မြန်မာနိုင်ငံမှာ တောင်သူလယ်သမား တွေရဲ့ဘဝ အဆင့်အတန်း မြှင့်တင်နိုင်ဖို့ လိုအပ်နေတယ်လို့ စီးပွားရေးပညာရှင်တွေကဆိုပါတယ်။ မြှင့်တင်တယ် ဆိုရာမှာ ခေတ်မီ စိုက်ပျိုးရေးနည်းပညာသစ်တွေနဲ့ အရင်းအနှီးတွေ လိုအပ်ပါတယ်။
2018-10-18
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာ မွတ်စလင်တွေကို သတ်ဖြတ်၊ မုဒိမ်းကျင့်၊ မီးရှို့မှုတွေ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂ လူအခွင့်အရေးကောင်စီ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ တွေ့ရှိချက်တွေကို လုံခြုံရေးကောင်စီမှာ အခုလအတွင်း ကြားနာပွဲပြု လုပ်ပေးဖို့ အမေရိကန် ပြည်ထောင်စု အပါအဝင် လုံခြုံရေးကောင်စီ အဖွဲ့ဝင် ကိုးနိုင်ငံက အင်္ဂါနေ့မှာ မေတ္တာရပ်ခံခဲ့ပါတယ်။
2018-10-18
အစိုးရနဲ့ တပ်မတော်နဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေ နေပြည်တော်မှာ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ တစ်ခုထဲသော တပ်မတော်ထားရှိရေးအတွက် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ သဘောတူညီခဲ့ကြပြီး ခွဲမထွက်ခွင့်နဲ့ ပတ်သက်လို့တော့ အားလုံးလက်ခံနိုင်မယ့် သဘောတူညီချက်ရဖို့ နောက်လပိုင်းအတွင်း ဆက်လက်ဆွေးနွေးမယ်လို့ သိရပါတယ်။
2018-10-18
ရခိုင်ပြည်နယ်အရေး ကိုင်တွယ်ဖြေရှင်းရာမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်ဆိုပြီး EU ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေးအရ ပိတ်ဆို့အရေးယူဖို့ စီစဉ်နေတာဟာ နည်းမှန်တဲ့ အရေးယူမှုမဟုတ်ကြောင်းနဲ့ သိန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေ အလုပ်လက်မဲ့ ဖြစ်လာနိုင်တာကို ထည့်သွင်းစဉ်းစားသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေ၊ စီးပွားရေးပညာရှင်တွေ၊ အလုပ်သမားအရေးဆောင်ရွက်နေသူတွေက ပြောလိုက်ပါတယ်။
2018-10-17
ရန်ကုန်မြို့က မြေနီကုန်း ဒဂုန်စင်တာရှေ့မှာ ဖုယွင်အလုပ်သမားအရေးနဲ့ ဆက်နွယ်ပြီး ဆန္ဒပြဖို့ကြိုးပမ်းရင်း ဖမ်းဆီးခံခဲ့ရတဲ့ ဗကသကျောင်းသား နှစ်ဦးကို စမ်းချောင်းမြို့နယ်ရဲစခန်းက တရားစွဲဖို့ ပြင်ဆင်နေပါတယ်။
2018-10-17
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ ဆင်ဖြူဈေးမှာ စည်ပင်က အဆောက်အဦးဆောက်လုပ်တာကို တရုတ်နိုင်ငံဘက်က နယ်ခြားစောင့်ရဲနဲ့ အရာရှိတွေက လာရောက်တားဆီးခဲ့ပါတယ်။
2018-10-17
နေပြည်တော်မှာ အောက်တိုဘာ ၁၅ နဲ့ ၁၆ ရက် ၂ ရက်ဆက်တိုက်ကျင်းပခဲ့တဲ့ အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ် တိုင်းရင်းသားခေါင်းဆောာင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲ ပြီးဆုံးသွားပါပြီ။ အစဉ်မပြေမှုတွေရှိခဲ့သလို တစ်စုံတရာတော့ အောင်မြင်မှုရရှိခဲ့တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။ ဦးခင်မောင်စိုးက ဆက်လက် တင်ပြပါလိမ့်မယ်။
2018-10-16
မြန်မာနိုင်ငံမှာ လူမျိုးရေးမုန်းတီးမှုတွေ ဖြစ်ပေါ်လာအောင် စနစ်တကျလုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တပ်မတော်နဲ့ဆက်နွယ်နေတဲ့ Facebook အကောင့် ၁ဝ ခုနဲ့ စာမျက်နှာ ၁၃ ခုကို ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက မနေ့က ဖယ်ရှားလိုက်ပါတယ်။
2018-10-16
နိုင်ငံတော်သမ္မတရုံးက မနေ့ကရက်စွဲနဲ့ ဝန်ကြီးဌာနသုံးခုအတွက် ဒုဝန်ကြီးသုံးဦး ထပ်မံခန့်အပ်လိုက်ပါတယ်။ အခုလို ဒုတိယဝန်ကြီးတွေ ထပ်ပြီးခန့်အပ်လိုက်တာနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
2018-10-16
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခရစ္စတင်းဘာဂနာရဲ့ ရခိုင်ပြည်နယ် ဒုတိယနေ့ခရီးစဉ်မှာ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်တွေ၊ ရခိုင်လွှတ်တော်အမတ်တွေ၊ စစ်တွေမြို့နယ်ထဲက မွတ်စလင် လူမှု အဖွဲ့အစည်းနဲ့တွေ့ဆုံပြီး ပဋိပက္ခဖြစ်နေတဲ့ လူ့အသိုင်းအဝိုင်းနှစ်ခု ငြိမ်းချမ်းစွာအတူ နေထိုင်နိုင်ရေး နည်းလမ်းတွေကို မေးမြန်းဆွေးနွေးခဲ့တယ်လို့ မစ္စဘာဂနာနဲ့ တွေ့ဆုံခဲ့သူတွေက ပြောပါတယ်။