သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-12-18
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နန်ကျင်ကျေးရွာက ဧက ၅ ထောင်နီးပါး ရှိတဲ့ မြေနေရာပေါ် တရုတ်နိုင်ငံနဲ့ အကျိုးတူ လုပ်ကိုင်မယ့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဇုန် ပေါ်ပေါက်လာမှာ ဖြစ်ပြီး အဲဒီနေရာမှာ စိုက်ပျိုး လုပ်ကိုင်နေတဲ့ ဒေသခံတောင်သူတွေက သီးနှံလျော်ကြေးထက် အစားထိုးမြေနေရာသာ ရလိုတယ်လို့ တောင်သူတွေက တောင်းဆိုနေကြပါတယ်။
2019-12-17
ကြည်း၊ ရေ၊ လေ ဘက်စုံသုံး (LPD) အလတ်စားစစ်သင်္ဘောတစ်စီးနဲ့ အိန္ဒိယနိုင်ငံက ဝယ်ယူလိုက်တဲ့ Kilo ကီလို အမျိုးအစား ရေငုပ်သင်္ဘောတို့ကို ဝယ်ယူဖြည့်တင်း လိုက်တာဟာ တပ်မတော်-ရေ အနေနဲ့ ဘင်္ဂလားပင်လယ်ပြင် စိုးမိုးရေးမှာ တရုတ် လွှမ်းမိုးမှုကို ချိန်ခွင်လျှာညှိတာဖြစ်ကြောင်း သုံးသပ်နေကြပါတယ်။
2019-12-16
၇၂ ကြိမ်မြောက်တပ်မတော်-လေရဲ့ အခမ်းအနားမှာ ရုရှားထုတ် အဆင့်မြင့် တိုက်ခိုက်ရေးယာဉ်တွေ လွှမ်းမိုးထားတာ တွေ့ရပါတယ်။ အဲဒီထဲက အထင်ရှားဆုံး အနေနဲ့ Yak-130 အမျိုးအစားဆိုရင် တပ်မတော်-လေက အသုံးပြုနေတာ အနည်းဆုံး ၁၂ စင်းခန့်ရှိနေပြီလို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
2019-12-16
လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ တရားရင်ဆိုင်နေရစဉ် ကာလအတွင်း ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ တရားဝင် နေရပ်ပြန်လာနိုင်ချေမရှိသေးဘဲ နေရပ်ပြန်ရေး လုပ်ငန်းစဉ်ဟာ ၂၀၂၀ အလွန်မှ တစ်စုံတစ်ရာ ထူးခြားမှုရှိနိုင်မယ်လို့ လေ့လာသူတွေက ပြောကြပါတယ်။
2019-12-16
နမ့်ဆန်မြို့နယ် ကြက်သေရွာမှာ ဒီဇင်ဘာ ၁၄ ရက်နေ့က စစ်ဘေးရှောင်ပြီး နေရပ်ပြန်လာတဲ့ အမျိုးသမီးတစ်ဦး မိုင်းထိမှန်ခဲ့သလို ဇယန်းမန်မိုင်ကျေးရွာက အမျိုးသားတစ်ဦးလည်း မိုင်းထိမှန်ခဲ့ပါတယ်။
2019-12-15
ရခိုင်ပြည်နယ်က မြောက်ဦးခေတ် ဗိသုကာလက်ရာတွေဟာ အတုမရှိဘူးလို့ အီတလီ ပညာရှင်တစ်ဦးက ပြောပါတယ်။
2019-12-15
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ရခိုင်ပြည်နယ် အေးချမ်းတည်ငြိမ်ရေးကို ကြိုးပမ်းနေသလို ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးဇုန်တွေနဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေကို ဆောင်ရွက်နေတယ်လို့ ဒီနေ့ ကျရောက်တဲ့ ရခိုင်ပြည်နယ်နေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
2019-12-15
နောင်လာမယ့် ၁၀ နှစ် ၂၀၃၀ ပြည့်နှစ်မှာ တစ်နိုင်ငံလုံးက နေရာလပ်မကျန် လျှပ်စစ်ဓာတ်အား ပေးနိုင်ဖို့ အစိုးရက ရည်မှန်းချက်ထား ဆောင်ရွက်နေပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာမှာ ရေကာတာနဲ့ ကျောက်မီးသွေး သုံးထုတ်လုပ်မှုတွေ များလာမှာကို စိုးရိမ်ကြတာတွေ ရှိနေပါတယ်။
2019-12-13
မြန်မာနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နယ်သာလန်နိုင်ငံကနေ နေပြည်တော်ကို ဒီကနေ့ ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။ မနေ့ကတော့ သဟိဂ်မြို့မှာ သူမကို လာရောက်အားပေးခဲ့သူတွေနဲ့ တွေ့ဆုံပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။
2019-12-13
နယ်သာလန်နိုင်ငံ The Hague မြို့၊ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ ဂန်ဘီယာနိုင်ငံက စွဲဆိုချက်အတွက်၊ မြန်မာနဲ့ ဂန်ဘီယာတို့ အမှုရင်ဆိုင်နေတာကို နိုင်ငံတကာရောက် မြန်မာနိုင်ငံသားတွေ လာရောက်ကြသလို မြန်မာနိုင်ငံက လာကြသူတွေရှိပါတယ်။
2019-12-13
နိုင်ငံတကာတရားရုံး ICJ မှာ မြန်မာနဲ့ ဂမ်ဘီယာတို့ဘက်က ဥပဒေပညာရှင်တွေ၊ နိုင်ငံကိုယ်စားပြုသူတွေ ၃ ရက်ကြာ လျှောက်လဲချက်တွေကို အပြိုင်အဆိုင်ချေပ တင်သွင်းခဲ့ကြတာကို ဥပဒေရှုထောင့်အရ သုံးသပ်တဲ့အခါ ဂမ်ဘီယာနိုင်ငံဘက်က အားသာနေတယ်လို့ ပြည်တွင်း ဥပဒေပညာရှင်တချို့က ပြောပါတယ်။
2019-12-12
The Hague သည်ဟိဂ် တရားရုံးမှာ မြန်မာက လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ကို နှုတ်ဖြင့် လျှောက်လဲချက်ပေးဖို့ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ICJ နဲ့အပြည့်အဝပူးပေါင်းဖို့ အမေရိကန်လွှတ်တော်အမတ်တွေက တိုက်တွန်းထားပါတယ်။
2019-12-12
ရခိုင့်တပ်တော် AA ဟာ ရခိုင်ပြည်နယ်လွတ်လပ်ရေးရဖို့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိဖို့ ဆောင်ရွက်နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ICJ မှာ မနေ့ကလျှောက်လဲချက်ပေးတဲ့အထဲ ထည့်သွင်းပြောခဲ့ပါတယ်။
2019-12-11
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံပေါ် တရားစွဲဆိုတဲ့ အမှုကို ICJ နိုင်ငံတကာတရားရုံးက ကြားဖြတ်ဆောင်ရွက်ချက် Provisional Measures အဖြစ်ကြားနာပွဲမှာ မြန်မာနိုင်ငံဘက်က လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေတွေရဲ့ လျှောက်ထားချက်တချို့ကို ဒေါ်စမ်းစမ်းတင်က ကောက်နုတ်တင်ပြထားပါတယ်။
2019-12-11
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော်ခေါင်းဆောင် လေးဦးကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပိတ်ဆို့အရေးယူမယ်လို့ ကြေညာတာဟာ ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေးအရ ပစ်မှတ်ထား ဖိအားပေးတာပဲလို့ တပ်မတော်က တုံ့ပြန်လိုက်ပါတယ်။