သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-11-07
ရွှေပြည်သာမြို့နယ် သာဓုကန် စက်မှုဇုန်မှာရှိတဲ့ World Jin အထည်ချုပ်စက်ရုံဟာ လူမှုဖူလုံရေးဦးစီးဌာနကို ပေးသွင်းရမယ့်ငွေကို အလုပ်သမားတွေရဲ့လစာကနေဖြတ်လိုက်ပေမယ့်၊ စက်ရုံက ပေးသွင်းရမယ့်ငွေကိုတော့ အစိုးရကိုမသွင်းတဲ့အတွက်ကြောင့် အလုပ်သမားတွေ ထိခိုက်နစ်နာရလို့ဆန္ဒပြကြပါတယ်။
2019-11-07
တရုတ်အစိုးရဟာ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို စီးပွားရေးလမ်းကြောင်းနဲ့ ဖြေရှင်းဖို့အတွက် Belt and Road Initiative (BRI) ပိုးခါးပတ်လမ်းမကြီး စီမံကိန်းကနေတဆင့် ဖော်ဆောင်ဖို့ ကြိုးစားလာတယ်လို့ Transnational Institute အဖွဲ့က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
2019-11-07
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ စိုင်းဒင်တံတားအနီး သရက်ပြင်၊ ကြာညိုပြင်ကျေးရွာတွေမှာ မနေ့က လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ နေအိမ် ၃၀ ကျော်မီးလောင်ပြီး လူ သုံးဦး ထိခိုက်ဒဏ်ရာရသွားသလို ဒီနေ့မှာလည်း အဲဒီအနားက ဖုံညိုလိပ်ကျေးရွာမှာ ကျည်ဆံထိမှန်လို့ ဒေသခံတစ်ဦး သေဆုံးခဲ့ပါတယ်။
2019-11-07
စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် မဲဆန္ဒနယ်က NLD ကိုယ်စားလှယ် ဦးဝင်းမြင့်အောင်က လက်ရှိ မတ်လ ၂ ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ထားတာကို ပယ်ဖျက်ပေးဖို့၊ ဆရာစံ ဦးဆောင်ပြီး တောင်သူလယ်သမားတွေကိုယ်တိုင် နယ်ချဲ့ကို စတင်တော်လှန်ခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် ပြောင်းလဲသတ်မှတ်ပေးဖို့ အစီအစဉ်ရှိမရှိ လွှတ်တော်မှာ မေးမြန်းခဲ့တာပါ။
2019-11-07
ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူဖို့လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုနဲ့ ပြည်နယ်စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်ကို ဝေဖန်ပြစ်တင်ခဲ့တာကြောင့် နိုင်ငံသားများရဲ့ ပုဂ္ဂိလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံမှုကို ကာကွယ်ပေးတဲ့ ဥပဒေ ပုဒ်မ ၁၀ နဲ့ ကရင်နီလူငယ် ခြောက်ဦးကို လွိုင်ကော်မြို့နယ် တရားရုံးက ဒီကနေ့ အလုပ်နဲ့ ထောင်ဒဏ် ခြောက်လချမှတ်လိုက်ပါတယ်။
2019-11-07
ခေတ်သစ်မီဒီယာကိုဖြေဆိုတဲ့ အင်တာဗျူးမှာ တပ်မတော်ကို သိက္ခာကျအောင်ပြောဆိုလို့ဆိုပြီး တပ်မတော်က ပုဒ်မ ၅၀၀ နဲ့တရားစွဲဆိုခံထားရတဲ့ မြဝတီဆရာတော် အရှင်အရိယဝံသာ ဘိဝံသကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် တရားရုံးက ဒီနေ့ သိန်း ၁၀၀ နဲ့ အာမခံပေးလိုက်ပါတယ်။
2019-11-07
၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးဟောပြောပွဲတွေ လုပ်ခဲ့တဲ့၊ တပ်မတော်ကို ဝေဖန်ခဲ့တဲ့ စာရေးဆရာ၊ ရှေ့နေ၊ ကျောင်းသားနဲ့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေကို တပ်မတော်က တရားစွဲနေတာဟာ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး မပြောရဲအောင် လုပ်နေသလို ဖြစ်နေတယ်လို့ ဝေဖန်ပြောဆိုနေကြပါတယ်။
2019-11-06
ရခိုင်ပြည်နယ်မှာ တိုက်ပွဲကာလအတွင်း ဖမ်းမိတဲ့သူတွေ၊ မသင်္ကာလို့ စစ်ဆေးနေသူတွေထဲက ချင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကလွဲလို့ စစ်ဘက်နဲ့မသက်ဆိုင်သူတွေ အားလုံးကို လေးသုတ်ခွဲပြီး မနေ့က ပြန်လွှတ်ပေးလိုက်ပြီလို့ ရက္ခိုင့်တပ်တော် AA က ကြေညာပါတယ်။
2019-11-06
မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ တောင်ကိုရီးယားကုမ္ပဏီ ၁၀၀ လောက် ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ရွှေ့ပြောင်းတော့မယ်ဆိုပြီး ဘင်္ဂလားဒေ့ရ်ှသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
2019-11-06
နေပြည်တော်က ဗစ်တိုးရီးယား ၁၀ ကြိမ်မြောက် ရုံးချိန်းမှာ အရေးကြီး သက်သေပစ္စည်း တစ်ခုဖြစ်တဲ့ မူကြိုကျောင်းက လုံခြုံရေးရုပ်သံကင်မရာ မှတ်တမ်း ပါဝင်တဲ့ မူရင်း Hard disk ကို နည်းပညာ ကျွမ်းကျင်သူတစ်ဦး အကူအညီနဲ့ စစ်ဆေးရာမှာ ဗွီဒီယိုဖိုင်တွေ ပျောက်ဆုံးနေတာကို တွေ့ရပါတယ်။
2019-11-06
လွပ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ၂၀၁၇ တုန်းက ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် စုံစမ်းစစ်ဆေးဖို့သွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက RFA ကိုအတည်ပြုပါတယ်။
2019-11-06
AA အဖွဲ့က ပြန်လွှတ်ပေးလိုက်ပြီးနောက် ဘူးသီးတောင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှာ စစ်ဆေးခံနေရသူအားလုံး ဒီနေ့ညနေ ၆ နာရီခွဲမှာ ပြန်လွတ်လာကြပြီလို့ မိသားစုဝင်တွေက ပြောပါတယ်။
2019-11-06
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ ခေါ် NSCN-K လက်နက်ကိုင်အဖွဲ့မှာ ထိပ်တန်းတာဝန်ယူခဲ့ဖူးသူတွေ အပါအဝင် ၁၁ ဦးကို အိန္ဒိယဘက်က သူပုန်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ် တရားရုံးက ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်လိုက်ပါတယ်။
2019-11-06
ရခိုင်ပြည်နယ် မြို့တချို့နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ မနေ့က တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျည် ကျရောက်တဲ့ ကျေးရွာတချို့မှာ နေအိမ်တွေ မီးလောင်ခဲ့သလို အရပ်သား ထိခိုက်ဒဏ်ရာရမှုရှိတယ်လို့ သိရပါတယ်။
2019-11-05
နိုင်ငံတကာ ပြစ်မှုဆိုင်ရာတရားရုံး ICC ၂၀၁၈-၁၉ အစီရင်ခံစာကို ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ၂၆ ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးမှာ ဒီလ ၄ ရက်နေ့က ဆွေးနွေးတဲ့ အခါ ကုလသမဂ္ဂ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းက အဆိုမူကြမ်းကို ပယ်ချလိုက် ပြီး အတည်ပြုမယ့် ICC အစီရင်ခံစာ ဆုံးဖြတ်ချက်နဲ့ မသက်ဆိုင်တဲ့အကြောင်း တရားဝင်မှတ်တမ်းတင်ဖို့ ပြောကြားပါတယ်။