ကိုဇာဂနာနဲ့ လူငယ်များ တွေ့ဆုံပွဲ

မကြာသေးခင်က မြစ်ကြီးနားအကျဉ်းထောင်က လွတ်မြောက်လာတဲ့ ဟာသ ပညာရှင် လူရွှင်တော် ဇာဂနာနဲ့ ပဲခူးတိုင်း အနောက်ခြမ်းက လူငယ်ကွန်ယက် အဖွဲ့တွေရဲ့ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်လို့ အမြင်သဘောထား ဆွေးနွေး ဖလှယ်ပွဲကို ဒီကနေ့ ကျင်းပမှာ ဖြစ်ပါတယ်။

2011.10.23
zarganar-face-305 အကျဉ်းကျခံနေရဆဲ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့တွင် ကျရောက်သော ၄၉ နှစ်မြောက်မွေးနေ့ပွဲတွင် မကြာသေးမီက ပြန်လည်လွတ်မြောက်လာသူ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုသူရ (ခေါ်) ဇာဂနာက ကိုမင်းကိုနိုင် အကြောင်း ပြောဆိုနေစဉ်။
AFP

ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး အတွက် ကိုဇာဂနာရဲ့ သတ္တိရှိရှိ တိုက်ပွဲဝင်မှုကို လူငယ်တွေ အနေနဲ့ အားကျ လေးစားမိတာကြောင့် အခုလို ဖိတ်ခေါ် ဆွေးနွေးပွဲ ကျင်းပတာ ဖြစ်ကြောင်း၊ လူငယ်တွေ အနေနဲ့ တိုင်းပြည် တည်ဆောက်ရေး လုပ်ငန်းမှာ ပါဝင်နိုင်တဲ့ အခန်းကဏ္ဍကို အဓိက ဆွေးနွေးကြမှာ ဖြစ်ကြောင်း ဦးဆောင် စီစဉ်သူ တစ်ဦးဖြစ်တဲ့ ကိုမင်းမင်းက အာအက်ဖ်အေကို ပြောပါတယ်။

တွေ့ဆုံပွဲမှာ ကိုဇာဂနာနဲ့ အတူ ဗေဒါသင်တန်းကျောင်း ညွန်ကြားရေးမှူး ကိုမျိူးရန်နောင်သိန်းလည်း ပါဝင် ဆွေးနွေးမယ်လို့ သိရပါတယ်။

ဧရာဝတီမြစ် ရှင်သန်ရေး၊ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး၊ အမျိူးသား ရင်ကြားစေ့ရေးကို ရည်စူး ဆန္ဒပြုတဲ့ အနေနဲ့ ဧရာဝတြီမစ် အတွင်း ညနေပိုင်းမှာ ဆီးမီးမျှောပွဲ ကျင်းပဖို့ စီစဉ်ထားတယ်လို့ ကိုမင်းမင်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-10-24 08:59

Ko Myo Yan Naung Thein, we will always support you.

Anonymous
2011-10-23 18:07

I HOPE YOU WILL WIN FOR TRUE DEMOCRACY VERY SOON.

Anonymous
2011-10-25 21:09

Dear Ko Thu Ya, I did paying-homage to yr beloved father Uncle Nan & to yr beloved mother Aunty Oo,while u were at behind bars.When their funeral ceremony were held at grave-yard Ye'-Wai,I was dreaming about you that u were presence at their beside-places.One of yr friends of yr elder brother, Ko Soe Thein(next-door to yr home at Yankin) still alive 0r already visited to yr elder brother`s Heaven ? See U later on ~ Myo Thant(Yankin) myothant.yk@gmail.com http://myothant-yankin.tripod.com

Anonymous
2011-10-24 02:29

U Thu Ra and Dr Thu Ra... I very much appreciate your bravery as well as your "intelligence quotient". You have been a hero for nowadays' young men, and a smart of the smarts. I hope most of the pro-democracy will support you very soon.