လူငယ်ဖိုရမ် မြစ်ကြီးနားမြို့မှာ စတင်ကျင်းပ


2014.02.21

လာမယ့် မတ်လပထမပတ်အတွင်း မွန်ပြည်နယ် မော်လမြိုင်မြို့မှာကျင်းပမယ့် မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ဖိုရမ်ကို တက်ရောက်ဖို့အတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လူငယ်ဖိုရမ်ကို ဒီနေ့ စတင်ကျင်းပနေပြီး ကချင်ပြည်နယ်ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်တွေကို ရွေးချယ်သွားမယ်လို့သိရပါတယ်။

ဒီနေ့ စတင်ကျင်းပတဲ့ ၃ ရက်ကြာ ညီလာခံကို " တူညီသော လူငယ့်အသံမှသည် ငြိမ်းချမ်းသော အနာဂါတ်ဆီသို့" ဆိုတဲ့ ခေါင်းစဉ်နဲ့ မြစ်ကြီးနားမြို့ ကချင်နှစ်ခြင်း ဇုန်နယ်ခန်းမဆောင်မှာ ကျင်းပနေတာပါ။ ဒီလူငယ်ဖိုရမ်ဟာ  
လူမျိုးမတူ၊ ဘာသာမတူသူ လူငယ်တွေ စုပေါင်းပြီး ကချင်ပြည်နယ်နဲ့ တိုင်းပြည်အကျိုးအတွက် ကြိုးပမ်းသွားဖို့ ရည်ရွယ်တဲ့ ဆွေးနွေးပွဲဖြစ်တဲ့အကြောင်း ကချင်ပြည်နယ် လူငယ်ကွန်ရက် ဥက္ကဋ္ဌ ကိုဂျာရုံက ပြောပါတယ်။

"ကချင်ပြည်နယ်မှာရှိတဲ့ လူမျိုးဘာသာမတူတဲ့ လူငယ်အားလုံးပေါ့နော် ကျနော်တို့ စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင်နဲ့ ပြည်နယ်အကျိုး၊ နိုင်ငံတော်ရဲ့အကျိုး အားလုံးဝိုင်းဝန်း သယ်ပိုးဖို့အတွက်ပေါ်နော် အခုကချင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ လူငယ်တွေရဲ့ ပြဿနာတွေကို ဝိုင်းဝန်းဖြေရှင်းဖို့အတွက် ဖြစ်ပါတယ်
"

လာမယ့် ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့အထိကျင်းပမယ့် အဲဒီဆွေးနွေးပွဲကို မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်၊ ပူတာအို၊ ခရိုင် ၄ ခု လူငယ်တွေ တက်ရောက်နေကြတာဖြစ်ပြီး လူငယ်နဲ့ ငြိမ်းချမ်းရေး၊ လူူ့အခွင့်အရေး၊ ပညာရေး၊ မူးယစ်ဆေးဝါး ၊ သဘာဝပတ်ဝန်းကျင် စတဲ့  ခေါင်းစဉ်တွေနဲ့ ဆွေးနွေးနေကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။