ရန်ကုန်မြို့တော် စည်ပင်ရွေးကောက်ပွဲတွေ ကျင်းပ
2014.12.27

ရန်ကုန်မြို့မှာ လွန်ခဲ့တဲ့နှစ် ၆၀ အတွင်း ပထမဆုံး အကြိမ် မြို့တော်စည်ပင်သာယာရေးကော်မ တီ ရွေးကောက်ပွဲတွေကို ဒီကနေ့ ကျင်းပခဲ့ပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာကော်မတီအဆင့်ဆင့် မှာ တာဝန်ထမ်းဆောင်ကြမယ့်သူတွေအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ် ၃၃ ခုမှာ ကျင်းပခဲ့တာဖြစ်ပြီး၊ ကော်မတီအဆင့်ဆင့် ရွေးကောက် ပွဲအတွက် ကိုယ်စားလှယ်လောင်း ၃၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ရာမှာ ၁၁၅ ဦးကိုသာ ရွေးချယ်ကြ ရမှာ ဖြစ်ပါတယ်။
ရန်ကုန်မြောက်ပိုင်းခရိုင်မှာပါဝင်တဲ့ ကမာရွတ်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ ရွေပြည်သာ၊ လှိုင်သာယာ စတဲ့မြို့နယ်တွေမှာ ကိုယ်စားလှယ်တချို့ ဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ စည်းကမ်းချက်တွေ ကို ဖေါက်ဖျက်တာတွေ ရှိခဲ့တယ်လို့ ရန်ကုန်မြောက်ပိုင်း ခရိုင်က ဝင်ရောက်ယှဉ်ပြိုင်သူ နော်လှလှစိုးက ပြော ပါတယ်။
"မဲပေးမယ့်လူတွေရဲ့ လက်ထဲကို ဒီမနက် မဲပေးခါနီးအထိ ခြစ်ပြီးတော့ ဝင်ပြီးတော့လုပ်ပေးတာ တွေ့ရတယ်၊ မြို့တော်ကော်မတီ ဦးခင်မောင်တင့်၊ ခရိုင်ကော်မတီ ဦးဝင်းလှိုင်၊ ဦးဇော်မြင့်၊ ဒေါ်သင်းသင်းခိုင် အင်းစိန်မြို့နယ်ကော်မတီက ဦးကျော်ဌေး ဦးထုပ်တွေဆောင်း၊ တီရှပ်တွေဝတ်ပြီးတော့ မဲရုံရှေ့မှာ မဲဆွယ်စည်းရုံးစာတွေ တွေ့တဲ့အတွက်ကြောင့် ကော်မရှင်ဥက္ကဌ ဦးတင်အေး ကိုပဲ ကျမတင်ပြသွားမှာပါ၊ ပြီးတော့သက်ဆိုင်တဲ့ မြို့တော်ဝန်တို့၊ မြို့တော်ဝန်ရဲ့ ကော်မတီတို့ကိုလည်း ကျမမိတ္တူတွေပေးပြီးတော့ တိုင်ကြားသွားမှာဖြစ်ပါတယ်"
ရွေးကောက်ပွဲကော်မရှင်က တစ်အိမ်ထောင်တစ်မဲသာ သတ်မှတ်ပေးထားပါတယ်။ ဒါပေမယ့် အိမ်ထောင်ဦးစီးကိုသာ မဲပေးခွင့်ပြုထားတာကြောင့် မဲပေးခွင့်မရကြသူတွေလည်း ရှိပါတယ်။
စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲကို ရန်ကုန်မြို့ လူဦးရေ ငါးသန်းကျော်မှာ မဲပေးခွင့်ရှိသူ လေးသိန်းကျော်ရှိတယ်လို့ သိရပါတယ်။ မဲပေးဖို့ အသိပညာပေးမှု အားနည်းတာကြောင့် မဲပေးရမှာကို မသိကြသူတွေရှိသလို စိတ်ဝင်စာမှုနည်းတဲ့ ရွေးကောက်ပွဲလို့ ပြောကြပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မဝေမာထွန်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။