ရန်ကုန် မြို့ပြ ပြဿနာ ဖြေရှင်းဖို့ ပညာရှင်အဖွဲ့ တိုက်တွန်း
2015.01.10
ရန်ကုန်မြို့ရဲ့ လက်ရှိရင်ဆိုင်နေရတဲ့ မြို့ပြဆိုင်ရာ ပြဿနာတွေကို စနစ်တကျ မဖြေရှင်းနိုင်ဘူးဆိုရင် နောက်လာ မယ့် နှစ် ၅၀ မှာ ဖြေရှင်းဖို့ခက်တဲ့ ပြဿနာ ကြီးတွေနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ ပြည်တွင်းပညာရှင်အဖွဲ့တွေက သတိပေး လိုက်ပါတယ်။
မြန်မာနိုင်ငံ ဗိသုကာပညာရှင်များအသင်း၊ ရန်ကုန် သမိုင်းဝင်အမွေအနှစ်ထိန်းသိမ်းရေး အဖွဲ့နဲ့ တခြားအဖွဲ့တွေ ပူးပေါင်း ပြီး၊ သမ္မတ ဦးသိန်းစိန်ဆီကို စာရေးသားပေးပို့ခဲ့ကြတာပါ။
ရန်ကုန်မြို့မှာ မြို့ပြစီမံကိန်းဆိုင်ရာ ဥပဒေတွေမရှိဘဲ၊ အဆောက်အအုံအရည်အသွေး စီစစ်တဲ့ လက်ရှိ စည်းမျဉ်းတွေက လည်း ခေတ်နောက်ကျနေတာကြောင့် စနစ်မကျတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ မြင်တွေ့နေရကြောင်း၊ မြို့တော် အနေနဲ့ လူဦးရေ ထူထပ် ပြွတ်သိပ်လာနေတဲ့အခြေအနေကို မကိုင်တွယ်နိုင်သလို၊ ယာဉ်ကြောပိတ်ဆို့မှု၊ ကားရပ် စရာနေရာမရှိတဲ့ပြဿနာ၊ မြို့တွင်းရေလျှံမှုစတာတွေဟာ ရန်ကုန်လူထု နေ့စဉ် ရင်ဆိုင်နေရတဲ့ ဒုက္ခတွေဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။
ဟောင်ကောင်မှာ မြေနှစ်ဧကခွဲအတွင်း လူ ၆၀၀ နေထိုင်ချိန်မှာ ရန်ကုန်မြို့က မြို့နယ်တချို့မှာ မြေနှစ်ဧကခွဲအတွင်း လူတစ်ထောင်နှုန်း ရှိနေတယ်လို့လည်း နှိုင်း ယှဉ်ပြထားပါတယ်။
ဒါကြောင့် ဆောက်လုပ်ရေး စီမံကိန်းတွေကို ထိန်းချုပ်ဖို့အတွက် မြို့ပြ စီမံခန့်ခွဲရေး ကော်မတီတစ်ရပ်ဖွဲ့စည်း၊ စည်းမျဉ်း ဥပဒေတွေရေးဆွဲဖို့ သမ္မတထံပေးစာမှာ တိုက်တွန်းထားပါတယ်။