ရမ်းဗြဲမြို့နယ် ၂၄ နာရီ မီးရရေး ဒေသခံများ ဆန္ဒပြ


2013.09.30
shwegas-yanbyay-electric-305.jpg ၂၄ နာရီ လျှပ်စစ်မီးရရှိရေး စက်တင်ဘာလ ၃ဝ ရက်နေ့က ရမ်းဗြဲဒေသခံများ ဆန္ဒပြနေစဉ်
photo: RFA/ Min Thein Aun

ရခိုင်ကမ်းလွန်ဒေသမှာရှိတဲ့ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကနေ ရမ်းဗြဲမြို့နယ်ကိုလည်း ၂၄ နာရီမပြတ် လျှပ်စစ်မီးပေးရေးအတွက် ရမ်းဗြဲမြို့နယ်ဒေသခံ တစ်ထောင်နီးပါးလောက် ဒီနေ့မနက်ပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းက ကျောက်ဖြူမြို့နယ်ကို မီးပေးနေပြီ ဖြစ်တာကြောင့် ရမ်းဗြဲမြို့နယ်မှာလည်း လျှပ်စစ်မီး ရရှိရေး တောင်းဆိုတာဖြစ်ကြောင်း ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ ရမ်းဗြဲမြို့ခံ ဦးထွန်းကြည်က ပြောပါတယ်။

ရမ်းဗြဲမြို့အပါအဝင် မြို့နဲ့အနီးဝန်းကျင် ကျေးရွာ အတော်များများက ဒေသခံတွေပါပူးပေါင်းပြီး လျှပ်စစ်မီးရဖို့ တောင်းဆိုတာဖြစ်ကြောင်း ဦးဆောင်ပါဝင်သူတွေကပြောပါတယ်။ ရမ်းဗြဲမြို့ လျှပ်စစ်မီးရရှိရေးအတွက် အစိုးရက ပုဂ္ဂလိကကုမ္ပဏီတစ်ခုကို လုပ်ကိုင်ခွင့်ပေးထားပြီး အိမ်ထောင်စုတစ်စုကို လျှပ်စစ်အား ၁၀ ယူနစ် သုံးစွဲခွင့်ပေးရာမှာ တစ်ယူနစ်ကို ၃၅ ကျပ်နှုန်း ပေးဆောင်ရပါတယ်။  ၁၀ ယူနစ်ထက်ပိုသုံးရင် ပိုတဲ့ယူနစ်အတွက် တစ်ယူနစ်ကို ကျပ် ၆၀၀ နှုန်းနဲ့ ပေးဆောင်နေရတယ်လို့ မြို့ခံတွေကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။