စာရေးဆရာ သိုက်ထွန်းသက် ကိုဗစ်ရောဂါနဲ့ ကွယ်လွန်

2021.07.28
စာရေးဆရာ သိုက်ထွန်းသက် ကိုဗစ်ရောဂါနဲ့ ကွယ်လွန် မန္တလေးမြို့က စာရေးဆရာ သိုက်ထွန်းသက် ကို တွေ့ရစဉ်
Photo: CJ

မန္တလေးမြို့က စာရေးဆရာ သိုက်ထွန်းသက်ဟာ မန္တလေးဆေးရုံကြီးမှာ ကိုဗစ်ရောဂါနဲ့ တက်ရောက်ဆေး ကုသခံယူရင်း ဇူလိုင်လ ၂၈ ရက် ဒီနေ့မနက်မှာ ကွယ်လွန်သွားပါတယ်။

အသက်က ၆၉ နှစ်ရှိ စာရေးဆရာ သိုက်ထွန်းသက်ဟာ ဒီနေ့မနက် ၁၁ နာရီ ၃၅ မိနစ်မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပြီး မြန်မာ့စာပေလောကအတွက် ဆုံးရှုံးမှုတစ်ရပ်ဖြစ်တယ်လို့ စာရေးဆရာ ညီညီဇော်က ဆိုပါတယ်။

“ဆရာသိုက်တို့က တကယ့်ကို ဘဝမှာစာပေနဲ့ပဲ အသက်မွေးဝမ်းကြောင်းခဲ့တယ်။ ဝတ္တုတွေ ရေးတယ်။ ဆောင်းပါးတွေ ရေးတယ်။ နောက်ဆုံးအချိန်ထိကို စာပေတစ်ခုနဲ့ပဲ စိုက်လိုက်မတ်တပ် လုပ်သွားတာပေါ့။ ကျနော်တို့ မန္တလေး စာပေအသိုင်းအဝိုင်း အနေနဲ့ရော မြန်မာ့စာပေအတွက်ပါ တကယ့်ကို ဆုံးရှုံးမှုကြီး တစ်ခုပါပဲ”

စာရေးဆရာ သိုက်ထွန်းသက်ရဲ့ အမည်အရင်းက ဦးသိန်းဇော်ဖြစ်ပြီး မန္တလေးမြို့ စိန်ပန်းရပ်မှာ ၁၉၅၂ ခုနှစ်က မွေးဖွားခဲ့သူဖြစ်ပါတယ်။

မန္တလေးမြို့ထုတ် ထူးစာစောင်မှာ ထွဏ်းကနောင် အမည်နဲ့ ဝတ္တုတို၊ ကဗျာတွေကို ၁၉၆၉ မှာ စတင်ရေးသားခဲ့ပြီး ၁၉၇၉ ဇူလိုင်လထုတ် မိုးဝေမဂ္ဂဇင်းမှာ နွားခြေရာကွက်လေးများ ဝတ္တုတိုနဲ့ မဂ္ဂဇင်းတွေမှာ ဝတ္တုတိုတွေ စတင်ရေးသားခဲ့ပါတယ်။

ဂျီသြမေတြီ ဂေါဝိန် ဝတ္တုတိုပေါင်းချုပ်၊ စာရေးဆရာမ ခင်ခင်ထူးနဲ့ တွဲထုတ်တဲ့ မြို့ကလေးရဲ့ ကော်ပတ်စက္ကူ ဝတ္တုတိုပေါင်းချုပ်၊ ဒေါ်လီ ဂျင်နီ အင်ဒီနှင့် စိန်လွင်မေတို့ကြောင်း စာပဒေသာ ဝတ္ထုတွဲ၊ ရောက်မလာသေးတဲ့ နွေဦးနှင့် အခြားဝတ္တုတိုများ စတဲ့ စာအုပ်တွေက သူရဲ့ ထင်ရှားတဲ့စာအုပ်တွေ ဖြစ်ပါတယ်။

စာရေးဆရာ သိုက်ထွန်းသက် ကွယ်လွန်ခြင်းအတွက် အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း (Upper Burma Writer’s Association) ကလည်း ဝမ်းနည်းကြောင်း ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-07-28 04:52

Let fight Covid 19 and Min Aung Hlaing's military coup as together in Myanmar.