ပီနန်အိတ်စက်ရုံ အလုပ်သမား ဆန္ဒပြ

ရန်ကုန်မြို့ တောင်ဒဂုံ စက်မှုဇုန် အမှတ် (၁) မှာရှိတဲ့ မလေးရှား နိုင်ငံသားပိုင် (tefel) တဖယ်လ် ပီနန်အိတ်စက်ရုံက အလုပ်သမား (၄၀၀) ကျော်ဟာ လုပ်ခလစာ တိုးမြှင့်ရေးအတွက် ဒီကနေ့ မနက်ပိုင်းက အလုပ်မလုပ်ဘဲ စက်ရုံတွင်း ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

2012.07.31

မနက် (၁၀) နာရီခွဲက စတင် ဆန္ဒပြခဲ့ကြတာ ဖြစ်ပြီး တောင်းဆိုချက်တွေ မရမချင်း ညလုံးပေါက် ဆက်လက် တောင်းဆို ဆန္ဒပြသွားမယ်လို့ ဆန္ဒပြ အလုပ်သမား ခေါင်းဆောင်တစ်ဦးက RFA ကို ပြောပါတယ်။

ဝန်ထမ်းတွေကို လစာတိုးပေးတဲ့နေရာမှာ မျှတစွာ တပြေးညီ ဆောင်ရွက်ပေးဖို့ အဓိက တောင်းဆိုခဲ့ကြတာလို့ ဆန္ဒပြ အလုပ်သမားတွေက ပြောပါတယ်။ ဆန္ဒပြပွဲကို မြို့နယ်နဲ့ တိုင်းအဆင့် အလုပ်သမား ဝန်ကြီးဌာန အရာရှိတချို့လာရောက်ပြီး အလုပ်ရှင်၊ အလုပ်သမားတွေနဲ့ ညှိနှိုင်းနေပေမယ့် အလုပ်ရှင်ဘက်က လစာတိုးပေးဖို့ ငြင်းဆန်နေဆဲ ဖြစ်တဲ့အတွက် ညနေ (၆) နာရီအထိ ပြေလည်မှု မရသေးဘူးလို့ သိရပါတယ်။

အဲဒီ တဖယ်လ် ပီနန်အိတ်စက်ရုံဟာ လွန်ခဲ့တဲ့ (၁၅)နှစ်က စတင် တည်ထောင်တာ ဖြစ်ပြီး လက်ရှိမှာ အလုပ်သမား (၅၀၀) နီးပါး ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။