ရင်ကြားစေ့ရေးကိစ္စ အစိုးရ ကိုယ်တိုင် ဆန္ဒရှိမှ ဖြစ်မယ်
2011.06.03

RFA
မြန်မာနိုင်ငံကို (၃) ရက်ကြာ ခရီးအဖြစ် အလည်အပတ် ရောက်နေတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း နဲ့ တွေ့ဆုံဆွေးနွေး အပြီး နေအိမ်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ဂျွန်မက်ကိန်းက မြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်လာအောင် သူ့ရဲ့ မြန်မာပြည် ခရီးစဉ် အတွင်း အစိုးရကို တိုက်တွန်းသွားမယ်လို့ ထိုင်းနိုင်ငံမှာ ပြောကြားခဲ့တဲ့ အကြောင်းပေါ် အခြေခံပြီး မြန်မာ သတင်းထောက်တဦးရဲ့ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့ပါတယ်။
"သူ့ဖက်က စေတနာကတော့ အပြည့်အဝဘဲ။ ဒါပေမဲ့ တဖက်က စေတနာရှိတိုင်းလည်း ပြီးတာတော့ မဟုတ်ဘူး။ ဒီလို ရင်ကြားစေ့ရေးဆိုတာ နှစ်ဖက်စလုံးက ပါမှ ဖြစ်မှာ။ အစိုးရဖက်ကလည်း လိုလားလာတဲ့အခါမှ ဖြစ်မှာ"
ဒါ့အပြင် အမေရိကန် အစိုးရနဲ့ မြန်မာအစိုးရတို့ကြား ဆက်ဆံရေးထက် အမေရိကန် ပြည်သူတွေနဲ့ မြန်မာ ပြည်သူတွေကြား ဆက်ဆံရေးက ပိုကောင်းတယ်လို့ သူမြင်မိကြောင်းလဲ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။
တဖက်မှာ တရုတ် အစိုးရနဲ့လဲ ကောင်းမွန်တဲ့ ရေရှည် ဆက်ဆံရေး ဖြစ်ပေါ်လာရေးကို လိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
နေအိမ် ခြံဝင်းအတွင်း (၁၅) မိနစ်ကြာလောက် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက် တွေနဲ့ ပတ်သက်ပြီး RFAဝိုင်းတော်သား ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြ ထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |