မြန်မာဗိုလ်ချုပ်ကြီးများလုံခြုံရေး အမေရိကန်က အာမခံရန် အကြံပြုချက် WikiLeaks ဖော်ပြ
2010.12.15

၂၀၀၈ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ က အမေရိကန်သံအမတ် Shari Villarosa လက်မှတ်ရေးထိုးပြီး မြန်မာ့ ဒီမိုကရေစီရေး ဆက်လက်ကြိုးပမ်းမှု ဆိုတဲ့ ခေါင်းစဉ်နဲ့ ပေးပို့ခဲ့တဲ့ လျှို့ဝှက်ကြေးနန်းစာမှာ အဲဒီလို ဖော်ပြထားတာ ဖြစ်ပါတယ်။
လူထုကို ကယ်တင်ဖို့ စစ်တပ်က အာဏာသိမ်းတာမျိုး မျှော်လင့်လို့ မရနိုင်ကြောင်း၊ ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးတွေကို မြင်ကွင်းက ပျောက်သွားဖို့ ဆိုရင် သူတို့နဲ့ သူတို့ မိသားစုဝင်တွေအတွက် လုံခြုံရေးအာမခံချက်ကို ချပြဖို့ မိမိတို့ စဉ်းစားသင့်ကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲဆီကို ဦးတည်နေတာနဲ့အမျှ၊ အခုအချိန်ဟာ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ အဲဒီလို လုံခြုံရေးဆိုင်ရာ သဘောတူညီချက်တွေအကြောင်း ဆွေးနွေးပြောဆိုဖို့အတွက် မဟာဗျူဟာကျတဲ့ အချိန်ဖြစ်ကြောင်း၊ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ ဆွေးနွေးပြောဆိုဖို့ ဆိုတာ စိတ်မသက်မသာ ဖြစ်ဖို့ကောင်းသော်လည်း၊ မြန်မာပြည်ကို သူတို့က တင်းတင်းကျပ်ကျပ်ချုပ် ကိုင်ထားတာရယ်၊ ဒီမိုကရက်တစ် အတိုက်အခံကလည်း အားနည်းလှတာရယ်ဟာ မြန်မာပြည် ပြောင်းလဲရေး ဆောင်ရွက်ရာမှာ စဉ်းစားရမဲ့ လက်တွေ့အရှိတရားတွေ ဖြစ်ကြောင်း ရေးသားထားတာကို WikiLeaks အင်တာနက်သတင်း စာမျက်နှာက ဖော်ပြလိုက်ပါတယ်။