ရခိုင်ပြည်နယ်မှာ ယာယီသက်သေခံ လက်မှတ် ၃ သိန်းကျော် ပြန်အပ်


2015.04.30
whitecard-305.jpg White Card လို့ခေါ်တဲ့ အဖြူရောင် ယာယီသက်သေခံ လက်မှတ်တွေကို ရခိုင်ပြည်နယ်မှာ ဧပြီလ ၁ ရက်နေ့က စတင်သိမ်းဆည်းနေစဉ်
Photo: Min Thein Aung/RFA

ဒီကနေ့ ဧပြီလ ၃၀ရက်နေ့မှာ သက်တမ်းကုန်ဆုံးပြီဖြစ် တဲ့ White Card ခေါ် ယာယီသက်သေခံလက်မှတ်တွေ ကို ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ကတည်း က သိမ်းဆည်းနေရာမှာ ဒီနေ့အထိ တစ်လအတွင်း သက်သေခံလက်မှတ်ပေါင်း သုံးသိန်းတစ်သောင်းကျော် လက်ခံရရှိထားပြီးဖြစ်တယ်လို့ ရခိုင်ပြည်နယ် လူဝင် မှုကြီးကြပ်ရေးအဖွဲ့က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူပေါင်း ခြောက် သိန်း ခြောက်သောင်းကျော်ရှိပေမယ့် အားလုံးကို လက်ခံသိမ်းဆည်းနိုင်ဖို့ လက်တွေ့မဖြစ်နိုင်ဘူးလို့ ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်စိုးက ပြောပါတယ်။

"ဒီနေ့အထိက သုံးသိန်းတစ်သောင်းတစ်ထောင် ရှစ်ရာခြောက်ဆယ်ခုရှိပါပြီ၊ ကျနော်တို့ပြန်တွက် ကြည့်တော့ မောင်တောပဲကျန်တာပေါ့နော်"

ယာယီသက်သေခံလက်မှတ် လာရောက်အပ်နှံတဲ့သူတွေကို အထောက်အထား စာရွက်တစ်ခုစီ ထုတ်ပေးထားပါ တယ်။ အကြောင်းအမျိုးမျိုးကြောင့် ယာယီသက်သေခံလက်မှတ် ပျောက်ဆုံး၊ ပျက်စီးသွားသူတွေကိုလည်း ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ စိစစ်ပြီး မှန်ကန်ကြောင်း သက်သေခံလက်မှတ်တွေ ထုတ်ပေးထားတယ်လို့ သိရပါတယ်။

ယာယီသက်သေခံလက်မှတ်တွေကို လက်ခံသိမ်းဆည်းနေရာမှာ မောင်တောမြို့နယ်မှာ အများဆုံးကျန်ရှိနေ တာ ဖြစ်ပါတယ်။ ယာယီသက်သေခံလက်မှတ်တွေ ပေးအပ်ဖို့ ကျန်ရှိနေသေးသူတွေအနေနဲ့ လာမယ့် မေလ ၃၁ ရက်နေ့အထိ အပ်နှံနိုင်ကြောင်းလည်း သိရပါတယ်။

ယာယီသက်သေခံလက်မှတ်အပ်နှံပြီး နိုင်ငံသားလျှောက်ထားသူတွေကို ဇွန်လ ၁ ရက်နေ့ကနေ စတင်ပြီး ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ လက်ခံစီစစ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။