မြို့နယ်ရှစ်ခုမှာ နေ့အပူချိန် စံချိန်တင် မြင့်တက်နေတယ်လို့ မိုးဇလထုတ်ပြန်


2019.04.26
UV-622 အပူဒဏ်လွန်ကဲနေတဲ့ နွေရာသီ မြင်ကွင်းတခု။
Photo: RFA

ဒီနေ့ရဲ့ နေ့အပူချိန်တွေဟာ မြို့နယ် ၈ မြို့နယ်မှာ စံချိန်တင် မြင့်မားနေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အဲဒီ ၈ မြို့နယ်ကတော့ ပဲခူးတိုင်းက တောင်ငူ၊ ကြို့ပင်ကောက် ၊ ပဲခူးမြို့၊ ရန်ကနု်တိုင်းက ခရမ်းမြို့နယ်၊ မွန်ပြည်နယ်က ဘီးလင်း၊ ရေးနဲ့ သထုံမြို့၊ ဧရာဝတီတိုင်းက ဖျာပုံမြို့တွေမှာ အပူချိန် စံချိန်တင်မြင့်တက်နေတယ်လို့ သိရပါတယ်။

အဲဒီမြို့နယ်တွေမှာ အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်ကနေ ၄၄ ဒီဂရီ စင်တီဂရိတ်အထိ ရှိနေပြီး အပူချိန်တွေဟာ နှစ်ပေါင်း ၁၈ နှစ်ကနေ ၅၅ နှစ်အတွင်းမှာ အမြင့်ဆုံးစံချိန်ကို ရောက်ရှိနေတယ်လို့ မိုးဇလထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လတ်တလောအခြေအနေမှာတော့ ဘင်္ဂလားပင်လယ်အော်ဘက်မှာ မုန်တိုင်းငယ်တစ်ခုဖြစ်နေပြီး ဆိုင်ကလုန်းမုန်တိုင်းအဆင့်ထိ ရောက်လာနိုင်တာကြောင့် ဒီလကုန်လောက်မှာ မြန်မာနိုင်ငံ တစ်နိုင်ငံလုံး မိုးရွာနိုင်တယ်လို့လည်း မိုးဇလညွှန်ချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။