ရာသီဥတုပြဿနာက ဒုက္ခသည်တွေအခြေအနေ ပိုဆိုးရွားစေ
RFA Burmese
2024.11.13
2024.11.13

မြန်မာ၊ ဆူဒန်နဲ့ ဆိုမာလီယာလို နိုင်ငံတွေမှာ ပဋိပက္ခကြောင့် အန္တရာယ်ကြုံရတဲ့ကြား ရာသီဥတုကြောင့် အခြေအနေ ပိုဆိုးရွားရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ထုတ်ပြန်တဲ့ အစီရင်ခံစာအသစ်မှာ ထောက်ပြထားပါတယ်။
အဇာဘာဂျန်နိုင်ငံ၊ ဘာကူမြို့မှာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာညီလာခံ ကျင်းပချိန်မှာ တစ်ကမ္ဘာလုံး အပူချိန်မြင့်မားလာတာနဲ့ မိုးလေဝသ အစွန်းရောက်မှုက နေရပ်ရွှေ့ပြောင်းရသူကို ဘယ်လိုအကျိုးသက်ရောက်သလဲဆိုတာ UNHCR က မီးမောင်းထိုးပြတယ်လို့ AFP သတင်းက ဖော်ပြပါတယ်။
တစ်ချိန်တည်းမှာပဲ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်စုအတွင်း မိုးလေဝသနဲ့ ဆက်နွယ်တဲ့ သဘာဝဘေးအန္တရာယ်ကြောင့် လူ သန်း ၂၂၀ ဟာ မိမိ ပြည်တွင်း၊ မိမိ နေရပ်ရွှေ့ပြောင်းရတယ်လို့ ဆိုပါတယ်။ ဒါဟာ တစ်နေ့ကို လူ ခြောက်သောင်း နေရပ်ရွှေ့ပြောင်းရတာနဲ့ ညီမျှတယ်လို့ ဆိုပါတယ်။