တရုတ်ဝမ်ပေါင် ကုမ္ပဏီနဲ့ စာချုပ်သစ် ပြန်ချုပ်ဖို့ တောင်းဆို


2013.05.09
wanpaung-contract-305.jpg စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အကြံပြုချက်တွေအတိုင်း တရုတ်ဝမ်ပေါင်ကုမ္ပဏီနဲ့ စာချုပ်အသစ် ပြန်လည်ချုပ်ဆို ဖို့ မေလ ၉ ရက်နေ့က ရန်ကုန်မြို့၊ မြန်မာဂျာနယ်လစ်ရုံးခန်း မှာ လက်ပံတောင်းတောင် ဒေသခံတွေနဲ့ သံဃာတော်တွေ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး တောင်းဆိုနေစဉ်
photo: RFA/ Thiha Htun

ယခင် စစ်အစိုးရလက်ထက်က တရုတ်ဝမ်ပေါင်ကုမ္ပဏီ နဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော် မရှင်ရဲ့ အစီရင်ခံစာ အကြံပြုချက်တွေအတိုင်း အသစ်ပြန်လည်ချုပ်ဆိုဖို့ လက်ပံတောင်းတောင်ဒေသ ခံတွေနဲ့ သံဃာတော်တွေက ရန်ကုန်မြို့မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး တောင်းဆိုလိုက်ကြ ပါတယ်။

စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာပါ အကြံပြုချက်တွေအတိုင်း ဆက်လက်ဆောင်ရွက်မယ် ဆိုရင် ဒေသခံရွာသူ၊ ရွာသားတွေအတွက် အကျိုးရှိနိုင်ကြောင်း လက်ပံတောင်းဒေသက ပခုက္ကူကျောင်းဆရာတော် ဦးကဝိန္ဒြောဘာသက မိန့်ကြားပါတယ်။

ဒါ့အပြင် ကြေးနီစီမံကိန်းဒေသမှာ လက်ရှိထုတ်ပြန်ထား တဲ့ ပုဒ်မ ၁၄၄ ကို ပြန်လည်ရုတ်သိမ်းပေးဖို့နဲ့ ဒေသခံ ရွာသားတွေကို အကူအညီပေးနေသူတွေအပေါ် ထုတ်ပြန်ထားတဲ့ ဥပဒေပုဒ်မတွေကိုလည်း ရုတ်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြပါသေးတယ်။

ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ရုံးခန်းမှာ ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို တုံရွာ၊ ဆည်တည်းရွာ၊ အလယ်ရွာ၊ ရွာသစ်၊ တောကျောင်း၊ မိုးကြိုးပြင်မြောက်ရွာ စတဲ့ ကျေးရွာ ၆ ရွာက ဒေသခံတွေ တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။