ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံစီမံကိန်းကို ရေး မြို့ဒေသခံ ထောင်နဲ့ချီဆန္ဒပြ


2015.05.05
coal-power-plant-andin-305.jpg အံဒင်ကျေးရွာမှာ တည်ဆောက်မယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း ဖျက်သိမ်းပေးဖို့ မေလ ၅ ရက်နေ့က ဒေသခံ ၇ ထောင်ကျော် ကန့်ကွက်ဆန္ဒပြစဉ်
Photo: Kyaw Lwin Oo/RFA

မွန်ပြည်နယ်၊ ရေးမြို့နယ် အံဒင်ကျေးရွာမှာ အစိုးရနဲ့ ထိုင်းနိုင်ငံအခြေစိုက် Toyo-Thai ကုမ္ပဏီတို့ ပူးပေါင်းအကောင်အထည်ဖော်မယ့် ကျောက် မီးသွေးလောင်စာသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ စီမံကိန်းကို ဒေသခံ ၇၀၀၀ ကျော်က အံဒင်ကျေး ရွာ ဘောလုံးကွင်းမှာ ဒီနေ့ ဆန္ဒပြကန့်ကွက်ကြ ပါတယ်။

အစိုးရက ဒေသခံတွေ ကန့်ကွက်ထားတာကို လက်မခံဘဲ သဘောတူစာချုပ်ချုပ်ဆိုခဲ့တဲ့အတွက် အခုလိုဆန္ဒပြတာဖြစ်တယ်လို့ အံဒင်ရွာသား ကိုသိန်းစိုးက ပြောပါတယ်။

"ဒေသခံတွေရဲ့ဆန္ဒကို သေချာမလေ့လာဘဲနဲ့ အစိုးရအပိုင်းက သူ့ဘာသာသူအပေါ်မှာ MOU ထိုးလိုက်ပြီး လုပ်လိုက်တာပေါ့၊ ကျောက်မီးသွေး စက်ရုံက ဆိုးကျိုးများပြီး ကောင်ကျိုးသိပ်မရှိ လို့  ဒေသခံတွေရဲ့ ဆန္ဒကိုပြတာပေါ့ "

အဲဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့ လျှပ်စစ်ဝန်ကြီးဌာနက Toyo-Thai ကုမ္ပဏီနဲ့ ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့က သဘောတူလိုက်တာဖြစ်ပါတယ်။

ဆန္ဒပြပွဲမှာ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦး ပါဝင်ခဲ့ပြီး အံဒင်၊ ဒူးယား၊ နှစ်ကရုဒ်၊ နှင်းနု၊ ပလိုင်းဆိတ်၊ သာဂရမ် စတဲ့ ကျေးရွာတွေနဲ့ ရေးမြို့ပေါ်က ဒေသခံတွေ ပါဝင်ခဲ့ပါတယ်။

အဲဒီ ကျောက်မီးသွေးစီမံကိန်းကို အံဒင်ကျေးရွာအနီးက မြေဧက ၅၀၀ မှာ လာမယ့် ၂၀၁၆ ခုနှစ်ကစပြီး ၄နှစ်ကြာ အကောင်အထည်ဖော်မှာဖြစ်ပါတယ်။ စီမံကိန်းအတွက် အမေရိကန်ဒေါ်လာသန်းပေါင်း ၂၇၀၀ ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး တစ်နှစ်ကို ၁၂၈ဝ မဂ္ဂါဝပ် ထွက်ရှိမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။