ဗွီဒီယိုဇာတ်ကားများ ပြန်လည် စစ်ဆေးတော့မည်


2014.09.22

ပြန်ကြားရေးဝန်ကြီးဌာနက ဖွဲ့စည်းပေးထားတဲ့ မြန်မာ့ရုပ်ရှင်လုပ်ငန်း ဗီဒီယိုဆင်ဆာအဖွဲ့ဟာ လာမယ့် ဒီဇင်ဘာလကစပြီး ဗွီဒီယိုဇာတ်ကားတွေကို ပြန်လည်စစ်ဆေးတော့မယ်လို့ သိရပါတယ်။

ဗီဒီယိုဇာတ်ကားတွေကို ဆင်ဆာအဖွဲ့က ပြန်လည်စစ်ဆေးမှာနဲ့ပတ်သက်ပြီး မြန်မာ့ရုပ်ရှင်လုပ်ငန်း မြှင့်တင်ရေးက ညွှန်ကြားရေးမှူး ဦးသိန်းနိုင်က အခုလိုပြောပါတယ်။

"ခုလက်ရှိလဲ အရင်တုန်းကစစ်သလို အခုလည်းစစ်နေတယ်၊ နောက်ပိုင်း အတုယူမှားတာပေ့ါနော် မင်းသား၊ မင်းသမီးဆိုတော့ ကျန်တဲ့သူတွေက အတုခိုးတာပေ့ါ၊ အဲ့လိုအတုခိုးမှာစိုးလို့ ဖြတ်မယ်တောက်မယ်ပေါ့"

အရင်က နိုင်ငံရေး၊ ဘာသာရေး၊ တိုင်းရင်းသားချစ်ကြည်ရေး၊ အမျိုးသားယဉ်ကျေးမှု ထိန်းသိမ်းရေး၊ ရက်စက်ကြမ်းကြုတ်မှုများ မပါဝင်ရေးစတဲ့ ဆင်ဆာမူဝါဒဆိုင်ရာ အချက် ၁၀ ချက် သတ်မှတ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှာ တပ်မတော်၊ ရဲတပ်ဖဲ့ွ၊ ရာဇဝင်ဇာတ်လမ်းတွေနဲ့ သရဲတစ္ဆေဇာတ်လမ်းတွေကို ရိုက်ကူးခွင့်ပြုခဲ့တာဖြစ်ပါတယ်။

မြန်မာရုပ်ရှင်လုပ်ငန်း ဗွီဒီယိုဆင်ဆာအဖွဲ့ဟာ ကာရာအိုကေသီချင်း၊ ဗွီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ကားတွေကို ဆင်ဆာဖြတ်တောက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။