၀န်ကြီးဟောင်း ဦးဆန်းဆင့်ကို ၅ ကြိမ်မြောက် ရုံးထုတ်စစ်ဆေး


2014.07.30
usansint-305.jpg သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို နေပြည်တော် ဒက္ခိဏသီရိခရိုင် တရားရုံးမှာ ဇူလိုင်လ ၂၂ ရက်နေ့က ရုံးထုတ်လာစဉ်
Photo: Myo Thant Khaing/RFA

နေပြည်တော် ဒက္ခိဏသီရီခရိုင် တရားရုံးမှာ သာသနာရေးဝန်ကြီးဌာန ဝန်ကြီးဟောင်း ဦးဆန်းဆင့် ကို ဒီကနေ့ ၅ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ဒီနေ့ ရုံးချိန်းမှာ တရားလိုတွေကို စတင်စစ်ဆေးတယ်လို့ ဦးဆန်းဆင့်အမှုကို လိုက်ပါဆောင်ရွက်ပေးနေ တဲ့ ရှေ့နေ ဦးတင်ထွန်းက RFA ကို ပြောပါတယ်။

"ပြစ်မှှုအရေးမူမှ ၄၁/၂၀၁၄ ပြစ်မှှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၉ အရစွဲတဲ့အမှှု၊ အဲ့အမှှုကို တရားလို ဦးဌေးလွင် ဒု-ညွှန်ကြားရေးမှူး စသုံးလုံးဦးစီးဌာန သူ့ကိုစစ်တယ်၊ အမှှုစစ်အရာရှိ စုံစမ်းစစ်ဆေးရေးမှူး ဦးနေဝင်းကို စစ်တယ် မပြီးသေးဘူး၊ ဟိုဘက်က ၁၂၄ ကတော့ ဒု-ရဲမှူးကြီး ဦးတင်ဌေး ကိုစစ်တယ်၊ ပြစ်မှှုဥပဒေပုဒ်မ ၄၂/၁၄ အဲ့ဒါကတော့ တရားလို ဒု-ရဲမှူး ဦးတင်ဌေးကို စစ်တယ်၊ ဦးဆန်းဆင့်ကို အချုပ်လွတ် ထုချေခွင့်ပြုဖို့ ကျန်းမာရေးအကြောင်းပြုပြီးတော့ လျှောက်တယ်၊ ရုံးကနေပြီးတော့ အာမခံပယ်လိုက်ပါတယ်"

ဦးဆန်းဆင့်ဟာ နှလုံးရောဂါ၊ ကျီးပေါင်းရောဂါနဲ့ မျက်စိဝေဒနာခံစားနေရလို့ဆိုပြီး ဒီကနေ့ တရားရုံးမှာ ကျန်းမာရေးအာမခံ လျှောက်ထားခဲ့ပေမဲ့ ငြင်းပယ်ခံခဲ့ရတယ်လို့ ရှေ့နေက ပြောပါတယ်။

ဦးဆန်းဆင့်ကို သြဂုတ်လ ၆ ရက်နေ့မှာ ၆ ကြိမ်မြောက် ထပ်မံရုံးထုတ်စစ်ဆေးမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။