တပ်မတော်လုပ်ရပ် လူမျိုးတုံးသုတ်သင်မှုအဖြစ် အမေရိကန်နိုင်ငံခြားရေးဌာနက တိတိကျကျသတ်မှတ်ဖို့ တိုက်တွန်း


2018.12.20
muslim-camp-border-622.jpg ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ခြံစည်းရိုးနားမှာ တဲထိုးပြီးနေနေတဲ့ မွတ်စလင်တွေကို တွေ့ရစဉ်
Photo: RFA

မြန်မာ့တပ်မတော်က ရိုဟင်ဂျာတွေကိုဆန့်ကျင်ပြီး ချေမှုန်းလုပ်ဆောင်ခဲ့တာကို လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုအဖြစ် အမေရိကန်နိုင်ငံခြားရေးဌာနက သတ်မှတ်ဖို့ ဝန်ကြီး မိုက်ပွန်ပေးယိုကို ဒီမိုကရက်နဲ့ ရီပတ်ပလစ်ကန်နှစ်ပါတီက လွှတ်တော်အမတ်တွေ ဗုဒ္ဓဟူးနေ့ ညနေက ပူးပေါင်းတောင်းဆိုလိုက်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာမှာ လူမျိုးတုံးသုတ်သင်ရှင်းလင်းမှုဖြစ်တယ်လို့ တိတိကျကျ ရည်ညွှန်းဖော်ပြ တာ မရှိသေးတဲ့အတွက် သူတို့အနေနဲ့ အလွန်အင်မတန် စိုးရိမ်ပူပန်မိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဆီပေးဖို့တဲ့ အမတ်တွေရဲ့စာမှာ ထည့်သွင်းရေးသားထားတာကို ရိုက်တာသတင်း က ဖော်ပြပါတယ်။

ဒါကြောင့် မြန်မာ့တပ်မတော်ရဲ့ ဆောင်ရွက်ချက်နဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဌာနအနေနဲ့ ရှင်းလင်းတိကျတဲ့ ပိုင်းဖြတ်သတ်မှတ်ချက်ပေးဖို့ ဝန်ကြီးပွန်ပေးယိုကို အမတ်တွေက ပန်ကြားလိုက်တာဖြစ်ပါတယ်။

အဲဒီတောင်းဆိုချက်ကို အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီဝင် ဒီမိုကရက်ပါတီအမတ် Bob Menendez ဦးဆောင်ပြီး၊ ရီပတ်ပလစ်ကန်အမတ် နှစ်ယောက်နဲ့ ဒီမိုကရက်ပါတီအမတ် ၄ ယောက် လက်မှတ်ရေး ထိုးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။