မူးယစ်ဆေးပြား ပြဿနာဖြေရှင်းဖို့ အကျင့်ပျက်ခြစားမှု ဖြေရှင်းဖို့လို


2018.05.21
mekong-conference-622.jpg မဲခေါင်ဒေသက အရာရှိတွေ တွေ့ဆုံပွဲကို ၂၀၁၈ မေလ ၂၁ ရက်နေ့က နေပြည်တော်မှာကျင်းပစဉ်
Photo UNODC

တရုတ်၊ မြန်မာ၊ လာအိုနဲ့ ထိုင်းနိုင်ငံတွေပါတဲ့ ရွှေတြိဂံနိုင်ငံတွေအနေနဲ့ စိတ်ကြွဆေးထုတ်လုပ်မှုနဲ့ ဒေသတွင်း စိတ်ကြွဆေးပြားရောင်းဝယ်ဖောက်ကားနေတဲ့ မူးယစ်ဆေးဂိုဏ်းတွေကို နှိမ်နင်းနိုင်ဖို့အတွက် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ဖို့နဲ့ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့လိုကြောင်း အရှေ့တောင်အာရှနဲ့ပစိဖိတ်ဆိုင်ရာ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုတိုက်ဖျက်ရေးရုံး UNODC က ဒီနေ့ ပြောကြားလိုက်ပါတယ်။

တနှစ်ကို အမေရိကန်ဒေါ်လာ သန်း ၄ သောင်းတန်ဖိုးရှိတဲ့ ဆေးပြားတွေဟာ ရွှေတြိဂံဒေသတွေကနေ အကျင့်ပျက် နယ်စပ်အုပ်ချုပ်ရေးဌာနတွေနဲ့ တရားဥပဒေစိုးမိုးရေး အရာရှိတွေရဲ့လက်အောက်ကတဆင့် ဖြန့်ချိနေတာဖြစ်ကြောင်း၊ အုပ်ချုပ်ရေးကောင်းမွန်မှုနဲ့ တရားဥပဒေစိုးမိုးမှုတွေကပဲ ရေရှည် ဆေးပြား ထုတ်လုပ်မှုနဲ့ ဖြန့်ချိမှုတွေကို တိုက်ဖျက်ဖို့ အရေးကြီးတဲ့ခြေလှမ်းတွေဖြစ်ကြောင်း UNODC ရဲ့ ဒေသခံ အရာရှိ Jeremy Douglas က ဒီနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ ရဲအရာရှိတွေနဲ့ တွေ့ဆုံပွဲမှာ ပြောပါတယ်။

စိတ်ကြွဆေးတွေဖြစ်တဲ့ ယာဘနဲ့ ice ဆေးပြားတွေဟာ ဒီလေးနိုင်ငံဆုံရာ ဥပဒေမဲ့ ရွှေတြိဂံဒေသက ထွက်နေ တာဖြစ်ပြီး အထူးသဖြင့် နယ်မြေမတည်ငြိမ်တဲ့ မြန်မာနိုင်ငံဖက်ခြမ်း ရှမ်းပြည်နယ်ထဲမှာ အချိန်ပြည့် ထုတ်လုပ်နေ တယ်လို့လည်း ဆိုပါတယ်။ ဒီဆေးပြားတွေဟာ ထိုင်းနိုင်ငံ ဘန်ကောက်ကနေ သြစတြေးလျနိုင်ငံ ဘရစ္စဘိန်းမြို့ အထိ ရောက်ရှိပြန့်နှံ့နေတယ်လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။