နိုင်ငံရေးလုပ်ရင် အရေးယူမယ်လို့ ကျောင်းအုပ်ကြီး ပြော
2012.02.29

RFA
ဒီကိစ္စနဲ့ပတ်သက်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီ တွဲဖက်အတွင်းရေးမှူး (၂) ကိုမင်းသွေးသစ်က ပြီးခဲ့တဲ့အပတ်က တောင်ပိုင်းခရိုင် ကျောင်းသားများ သမဂ္ဂကို ဖွဲ့လိုက်ကြောင်း၊
အဲဒီသတင်းကို ကြားပြီး ပါမောက္ခချုပ် ဦးကျော်ရဲထွန်းက ဆရာမတွေရော၊ ကျောင်းသားတွေရော ခေါ်ပြီး ကျောင်းသားနိုင်ငံရေးလုပ်ရင် ကျောင်းထုတ်ခံရမယ်လို့ သတိပေးကြောင်း အာအက်ဖ်အေကို ပြောပါတယ်။
အရှေ့ပိုင်း တက္ကသိုလ်ပါမောက္ခချုပ်က အခုလို ပြောဆိုတာဟာ အသက် ၁၈ နှစ် ပြည့်ပြီးရင် ကြိုက်တဲ့နိုင်ငံရေးပါတီ ဝင်ပြီး နိုင်ငံရေး လုပ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီကြောင်း ကိုမင်းသွေးသစ်က ပြောပါတယ်။
တောင်ပိုင်းခရိုင် ကျောင်းသားသမဂ္ဂကို ရေကြောင်းတက္ကသိုလ်၊ သမတက္ကသိုလ်၊ အရှေ့ပိုင်းတက္ကသိုလ်နဲ့ အစိုးရ နည်းပညာတက္ကသိုလ်ဆိုတဲ့ တက္ကသိုလ်လေးခုက ကျောင်းသားတွေ ဖွဲ့စည်းထားတာပါ။ မြန်မာနိုင်ငံ အနှံ့မှာလည်း
ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းနေပြီ ဖြစ်ပါတယ်။