အစိုးရတပ်ဖွဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှု ကုလ အရာရှိ ပြောကြား


2016.11.24
john-mckissick-unhcr-620 ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar မြို့ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအကြီးအကဲ John McKissick (ဦးထုပ်အပြာ) ကို ရိုဟင်ဂျာ ဒုက္ခသည်စခန်းတစ်ခုမှာ တွေ့ရစဉ်
Photo: United Nations Refugee Agency - Cox's Bazar, Bangladesh facebook

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar မြို့မှာရှိတဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအကြီးအကဲ John McKissick က မြန်မာအာဏာပိုင်တွေဟာ ရိုဟင်ဂျာမွတ်စလင်တွေကို လုံးဝပပျောက်သွားအောင် လုပ်ဆောင်နေ တယ်လို့ ပြောဆိုကြောင်း မနေ့ကရတဲ့ အေအက်ဖ်ပီ သတင်းမှာဖေါ်ပြထားပါတယ်။

မြန်မာအစိုးရလုံခြုံရေးတပ်ဖွဲ့တွေကြောင့် ဒီရက်ပိုင်းတွေအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ ရှ်နိုင်ငံကို ထွက်ပြေးလာသူဦးရေ သုံးသောင်းခန့်ရှိပြီဖြစ်ကြောင်း၊ မြန်မာတပ်ဖွဲ့တွေက ပစ်ခတ်သတ်ဖြတ်မှု၊ မုဒိမ်းမှု၊ မီးရှို့မှုနဲ့ လုယက်မှုတွေကို ကျူးလွန်နေကြောင်း၊ ဒါဟာဒေသခံ လူနည်းစုမွတ်စလင်တွေကို  မြန်မာပြည်တွင်းမှာ တစ်ယောက်မှမရှိအောင် လုပ်ဆောင်နေတာဖြစ်ကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ အနေနဲ့လည်း နယ်စပ်ဖွင့်ပေးရင် ဒုက္ခသည်တွေအလုံးအရင်းနဲ့ ဝင်လာမှာဖြစ်တဲ့အတွက်  အခက်ကြုံနေကြောင်း ကုလ အရာရှိကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို ထွက်ပြေးရောက်ရှိလာသူတွေဟာ သူတို့ကိုအာဏာပိုင်တွေ ကတွေ့ရင် မြန်မာပြည်ဘက် ပြန်ပို့မှာစိုးရိမ်တဲ့အတွက် ပုန်းအောင်းနေကြတယ်လု့ိလည်း နယ်ခြားဒေသကလာတဲ့ သတင်းတွေမှာဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။