အငှားယာဉ်မောင်း ဦးနေဝင်း ကို နိုင်ငံတော် အတိုင်ပင်ခံ ဂုဏ်ပြု
2017.02.24

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို ရန်ကုန်လေဆိပ်မှာလုပ်ကြံသူကို ဖမ်းဆီးပေးခဲ့တဲ့ အငှားယာဉ် မောင်း ဦးနေဝင်း(ခ)ဦးဝင်းလွင်ကို ဇန်နဝါရီလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လက်မှတ်ထိုးကာ ရွေးချယ်လိုက်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က ဦးကိုနီဟာ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့တို့ အင်ဒိုနီးရှားနိုင်ငံခရီးစဉ်ကနေ ပြန်လာစဉ် ရန်ကုန်လေဆိပ်မှာ ကြည်လင်းဆိုသူက သေနတ်နဲ့ အနီးကပ် လုပ်ကြံခဲ့တာပါ။
တရားခံကြည်လင်းမှာ သေနတ်ပါနေလို့ အများစုဟာ အနားမကပ်ရဲကြပေမယ့် ဦးနေဝင်းက သူ့အသက်ကို ပဓာနမထားဘဲ ကြည်လင်းကို အုတ်နီခဲနဲ့ လှမ်းပစ်ရာ နောက်စေ့ကိုထိမှန်ခဲ့ပါတယ်။
ကြည်လင်းက ဦးနေဝင်းကို သေနတ်နဲ့ ပြန်ပစ်တဲ့အတွက် ထိမှန်ပြီး ရရှိတဲ့ဒဏ်ရာနဲ့ အသက်ဆုံးပါးခဲ့ရ ပါတယ်။
မိမိရဲ့အသက်ကို မငဲ့ကွက်ဘဲ တရားခံဖမ်းမိနိုင်ရေးကြိုးပမ်းရာမှာ ရဲရင့်တဲ့ပြည်သူတစ်ဦးအနေနဲ့ အသက်ဆုံးရှုံးခဲ့ရ တဲ့ ဦးနေဝင်းကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ် ရွေးချယ်လိုက်တာပါ။
အငှားယာဉ်မောင်းဦးနေဝင်းလို ရဲရင့်ခြင်း၊ စွန့်လွှတ်ခြင်း၊ တာဝန်သိခြင်း မတရားမှုကို ဆန့်ကျင်တဲ့ မြင့်မြတ်တဲ့ လုပ်ဆောင်ချက်အတိုင်း နိုင်ငံသူနိုင်ငံသားတွေအနေနဲ့ အနာဂတ်နိုင်ငံတည်ဆောက်ရေးမှာ ပူးပေါင်းပါဝင် ကူညီပေးကြဖို့ မေတ္တာရပ်ခံလျက်ဆိုပြီး အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။