မြန်မာ့အရေး နည်းလမ်းသစ်ရှာဖွေဖို့ ကုလအထူးကိုယ်စားလှယ် တိုက်တွန်း

2023.06.23
မြန်မာ့အရေး နည်းလမ်းသစ်ရှာဖွေဖို့ ကုလအထူးကိုယ်စားလှယ် တိုက်တွန်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးအား အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။
Dita Alangkara/AP

မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းဖို့ နည်းလမ်းသစ်ရှာဖွေဖို့ လိုအပ်နေပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးက နိုင်ငံတကာကို တိုက်တွန်း ပြောကြားလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောခဲ့တာပါ။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ တစ်စထက် တစ်စ ပိုဆိုးလာတဲ့အတွက် အင်ဒိုနီးရှားကို သူ ရောက်လာခဲ့တာဖြစ်ကြောင်းနဲ့ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံ ပြဿနာကို ဖြေရှင်းနိုင်ဖို့ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်လို့ ယုံကြည်တဲ့အကြောင်း တွမ်အင်ဒရူးက ပြောသွားပါတယ်။

မြန်မာစစ်ခေါင်းဆောင်နဲ့ အာဆီယံအကြား ရထားတဲ့ ဘုံသဘောတူညီချက်တွေဟာ တိုးတက်မှုမရှိတဲ့အတွက် တခြား မတူကွဲပြားတဲ့ နည်းလမ်းသစ် ရှာဖွေအဖြေရှာဖို့ သူက ပြောပါတယ်။

ဒါ့အပြင် အာဆီယံအနေနဲ့ မြန်မာ စစ်ကောင်စီအဖွဲ့ဝင်တွေကို အာဆီယံထိပ်သီး အစည်းအဝေးတွေ တက်ရောက်ဖို့ ခွင့်မပြုဖို့နဲ့ တက်ရောက်ခွင့်ပြုခဲ့ရင် စစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ်ပြုရာ ရောက်လိမ့်မယ်လို့လည်း သူက သတိပေး ပြောကြား ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။