ဘိန်းထုတ်များမှု အစိုးရသစ် ဖြေရှင်း ဖို့ ကုလပြောကြား


2015.12.15
opium-620.jpg ဘိန်းစိုက်ခင်းတစ်ခုကို တွေ့ရစဉ်
Photo: Nay Thwae/ RFA

မြန်မာနိုင်ငံမှာ ဘိန်းစိမ်းထုတ်လုပ်မှု ဆက်လက်မြင့်မားနေတဲ့ ပြသနာဖြေရှင်းရေး ကိစ္စဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မယ့် အစိုးရသစ်အတွက် အကြီးမားဆုံး စိန်ခေါ်မှုတစ်ခု ဖြစ်လိမ့်မယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးတိုက် ဖျက်ရေးအဖွဲ့ UNODC က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

အခု ၂ဝ၁၅ ခုနှစ်အတွင်း မြန်မာပြည်ကနေ ဘိန်းစိမ်း တန်ချိန် ၆၅ဝ ခန့်ထွက်မယ်လို့ ကုလက ခန့်မှန်းထားပါတယ်။  ဒါဟာ ကမ္ဘာပေါ်မှာ အာဖဂန်နစ္စတန်နိုင်ငံပြီးရင် အများဆုံးထွက်တဲ့ပမာဏဖြစ်ပါတယ်။ မြန်မာပြည်တဝှမ်း ဘိန်းစိုက်မြေ ပမာဏကတော့ မနှစ်ကနည်းတူ ဟက်တာ ၅ သောင်းခွဲကျော်ရှိတယ်လို့ ဆိုပါတယ်။

ဘိန်းစိုက်တောင်သူတွေအနေနဲ့ တခြားအစားထိုးသီးနှံ စိုက်ပျိုးစရာလည်း မရှိဘူးလို့ ကုလအရာရှိတစ်ဦးကပြောပါ တယ်။  မြန်မာပြည်ဟာ ဘိန်းတင်မက Methamphetamine စိတ်ကြွဆေးဝါးလည်း အဓိကထုတ်လုပ်နေတဲ့ နိုင်ငံ တစ်ခုဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။