ဘိန်းခင်းဧက ကိုးထောင်ကျော် ဖျက်ဆီးနိုင်ခဲ့လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ပြောကြား
2014.11.29

ရှမ်းပြည်နယ်မှာရှိတဲ့ ဘိန်းစိုက်ဧက ကိုးထောင်ကျော်ကို အခုနှစ်အတွင်းဖျက်ဆီးနိုင်ခဲ့တယ်လို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့အကြီးအကဲ ကပြောကြားလိုက်ပါတယ်။
ဘိန်းစိုက်ပျိုး မူပပျောက်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးဆောင်ရွက်နေပုံတွေနဲ့ ပတ်သက်ပြီး တောင် ကြီးမြို့မှာ မနေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ
ရှမ်းပြည်နယ် ရဲမှူးကြီး ဝင်းထွန်းက အခုလိုပြောကြား ခဲ့တာဖြစ်ပါတယ်။
"ပထမတစ်ခုကတော့ ရိုးရိုးဘိန်းပေါ့လေ၊ ဒါသဘာဝ ပစ္စည်းကနေထွက်လာတဲ့ အပင်ကနေထွက်လာတဲ့ ဘိန်းမည်းပေါ့၊ ဆိုတော့ ဒုတိယတစ်ခုကတော့ ဘိန်းမည်းကို ဓာတုပစ္စည်းနဲ့ ရောလိုက်တဲ့အခါမှာ ဘိန်းဖြူလိုဟာမျိုးထွက်လာတယ်၊ ဒါဒုတိယ အမျိုးအစားပေါ့၊ တတိယအမျိုးအစားကတော့ WY စိတ်ကြွဆေးပြားပေါ့ ဆိုတော့ ၃ မျိုးရှိပါတယ်၊ အဲ့ဒီ ၃ မျိုးစလုံးကို ကျနော်တို့က ထုတ်လုပ်မှု ပပျောက်အောင် လုပ်တဲ့အခါမှာ အဓိကဖြစ်တဲ့ ဘိန်းမည်း၊ ဘိန်းဖြူဆိုရင် ဘိန်းဖြူကို ဖျက်ရပါတယ်၊ အခုဆိုရင် ဘိန်းဖြူ ဖျက်ဆီးမှုမှာ စုစုပေါင်းဧက ကိုးထောင်ကျော်သွားပါပြီ"
ရှမ်းပြည်နယ်အတွင်း ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်းနဲ့ လွိုင်လင်မြို့နယ်တွေဟာ ဘိန်းစိုက်ပျိုးမှု အများဆုံးမြို့ နယ်တွေ ဖြစ်တယ်လို့သိရပါတယ်။