လူ့အခွင့်အရေး ကိုယ်စားလှယ် ခရီးစဉ် မနက်ဖြန် စမည်
2012.01.30

Photo: RFA
Mr. Quintana က မြန်မာနိူင်ငံသမိုင်းမှာ အရေးကြီးတဲ့ ပြောင်းလဲ တိုးတက်မှုတွေ ဖြစ်ထွန်းနေတာကြောင့် မိမိရဲ့ ခရီးစဉ်ဟာ အရေးကြီးကြောင်း ပြောပါတယ်။ ဇန်နဝါရီ ၃၁ ရက်က ဖေဖော်ဝါရီ ၅ ရက်အထိ ၆ ရက်ကြာ ခရီးစဉ်မှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ရောက်ခဲ့စဉ်က ဆောင်ရွက်ခဲ့တဲ့ ကိစ္စတွေကို ဆက်လုပ်ဆောင်ဖို့ ရှိတယ်လို့ ဆိုပါတယ်။
ဒီခရီးစဉ်မှာ မြန်မာနိူင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့်လေ့လာ အစီရင်ခံစာ ပြုစုဖို့ရှိပြီး နေပြည်တော်က ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များအပြင် အမျိုးသား လူ့အခွင့်အရေးကော်မရှင် အပါအဝင် သက်ဆိုင်သူများနဲ့လည်း တွေ့ဆုံပါမယ်။
ဒီခရီးစဉ်နဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲကိုတော့ ရန်ကုန်မြို့မှာ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး တွေ့ရှိချက်တွေကို ၁၉ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ တင်သွင်းပါမယ်။