ထီးချိုင့်မြို့နယ် ကျောက်မှော်ရွာမှာ နေအိမ် ၂၀၀ နီးပါးမီးရှို့ခံရ
RFA Burmese
2023.03.10
2023.03.10

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ကျောက်မှော်ရွာကို စစ်ကောင်စီတပ်က မတ်လ ၉ ရက်နေ့မှာ ဝင်ရောက်စီးနင်းပြီး ရွာက နေအိမ် ၂၀၀ နီးပါးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ၆၀ နီးပါးပါတဲ့ စစ်ကောင်စီတပ်က မတ်လ ၉ ရက်နေ့ မနက်ပိုင်းမှာ ရွာထဲကို သေနတ်ပစ်ဖောက် ဝင်ရောက်စီးနင်းခဲ့ပြီး ညနေပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“မနက်ပိုင်းမှာ သူတို့ သေနတ်တွေနဲ့ ပစ်ပြီးဝင်လာတဲ့အချိန် ရွာသူ၊ ရွာသားတွေက ဘုန်းကြီးကျောင်းထဲမှာ။ အဲတာကို ပြည်သူတွေကို ဘုန်းကြီးကျောင်းထဲမှာ ပိတ်ထားပြီးတော့မှ ညနေပိုင်းမှာ ကျောက်မှော်ရွာထဲ တပ်စု သုံးစုခွဲပြီး မီးရှို့သွားတာ။ သူတို့လက်ထဲ ဓာတ်ဆီပုံးပါတာ တွေ့ရတယ်”
ကျောက်မှော်ရွာဟာ အိမ်ခြေ ၃၀၀ နီးပါးနဲ့ လူဦးရေ ၁၂၀၀ လောက်နေထိုင်တဲ့ ရွာကြီးတစ်ရွာ ဖြစ်ပါတယ်။
ရွာကို မီးရှို့ပြီးပြန်ထွက်လာတဲ့ စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မနေ့က ညနေပိုင်းမှာပဲ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေတွေကိုတော့ မသိရသေးဘူးလို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
စစ်ကြောင်းဟာ မတ်လ ၁၀ ရက်နေ့မှာတော့ ထီးချိုင့်မြို့နယ် ဇီးကုန်းရွာထဲမှာ ဝင်ရောက် တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။ စစ်ကိုင်းတိုင်းထဲက စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်လို့ မဖြေကြားနိုင်တဲ့အကြောင်း ဦးအေးလှိုင်က RFA ကို မတ်လ အစောပိုင်းက ပြောထားပါတယ်။
သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်း နှစ်နှစ်အတွင်း စစ်ကိုင်းတိုင်းမှာ နေအိမ်ပေါင်း ၄၃,၂၉၂ လုံး မီးရှို့ဖျက်ဆီးခံခဲ့ ရပါတယ်။